Chapter 63 _ သားကလေး

771 189 6
                                    


(Unicode)

"ဒါက...." ဦးနစ်ခ်က တံဆိပ်ပုံအား ကောက်ယူကာ အသေးစိတ် စစ်ဆေးလိုက်လေ၏။

ရှင်ယဲ့က သူ့ မျက်နှာကို ခေတ္တခဏ အကဲခတ်ကြည့်လိုက်ပြီးနောက်မှာတော့၊ မျက်နှာအမူအရာ ပြောင်းလဲမှုများတစ်ဆင့် တစ်ဖက်လူ၏ ခံစားချက်ကို နားလည်အောင် လုပ်ဖို့ရန် လက်လျှော့လိုက်လေတော့၏။ ရုပ်သေးရုပ်မှာ ထိုအရာမျိုး မရှိသောကြောင့်ပင်။ 

ရုပ်သေးရုပ်များက လိမ်ပြောရသည်ကို နှစ်သက်ကြပြီး၊ မျက်နှာအမူအရာ ပြောင်းလဲမှုနှင့် လှုပ်ရှားမှု အနည်းငယ်တောင်မရှိကြချေ။ ဤသည်မှာ ဂိမ်း၏ ခက်ခဲမှုအဆင့်ကို မြှင့်သွားစေ သော်လည်း သတင်းအချက်အလက်အမှန်ကို ရှာဖွေဖို့ နည်းလမ်းမရှိတာတော့ မဟုတ်ပေ။

ဤအချိန်တွင် နည်းဗျူဟာလေး အနည်းငယ် လိုအပ်ရုံသာဖြစ်သည်။

မြို့ပိုင်၏ ကိုယ်ပိုင်စစ်သားများက သေဆုံးသွားကြပြီဖြစ်ကြောင်း ရှင်ယဲ့ မပြောခဲ့ချေ။ သူတို့ကို မြင်တွေ့ခဲ့သည်ဟုသာ ပြောခဲ့သည်။

ခန့်မှန်းထားသည့်အတိုင်း ဦးနစ်ခ်က အလွန်ပင် စိတ်လှုပ်တရှားမေးလာလေသည်: "သူတို့.... မင်းတွေ့ခဲ့တဲ့ ရုပ်သေးရုပ်တွေကလည်း တရားမဝင််မိုင်းတွင်းထဲ ဝင်သွားကြတာလား?"

ရှင်ယဲ့က ဆိုလိုက်၏:  "ဒါ.... ဦးလေးနစ်ခ်် စာရင်းတွေ အရင်ရှင်းပေးသင့်တယ် ထင်တယ်။ ကျွန်တော့်အတွက် အရေးအကြီးဆုံးက ပိုက်ဆံပြန်ဆပ်ဖို့ဆိုတာကို ဦးလေး သိပါတယ်။ အကြွေးတွေတစ်ပုံတစ်ပင်နဲ့ နေရတာ စိတ်မချမ်းသာဘူး။ ကိစ္စရှိတယ်ဆိုရင် ကျွန်တော်တို့ ဒါပြီးမှ ပြောကြမယ်"

ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရသည့်အခါ၌ တစ်ဖက်သားက အတွေ့အကြုံရင့်လေလေ ဉာဏ်နီဉာဏ်နက်များလေလေဖြစ်ပြီး၊ တစ်ဖက်သား၏ ရည်ရွယ်ချက်အမှန်ကို မြင်နိုင်ဖို့ အခွင့်လည်း နည်းလေလေဖြစ်သည်။ ထို့ကြောင့် ကိုယ်ကိုယ်တိုင်က အတတ်နိုင်ဆုံး တည်ငြိမ်ရမည်ဖြစ်ကာ၊ ထိတ်ထိတ်ပျာပျာဖြစ်နေဖို့ မသင့်ပေ။ ဤသို့သော နည်းလမ်းဖြင့်သာ အသာစီးရနိုင်လိမ့်မည်ဖြစ်ပြီး၊ တစ်ဖက်သားကို အားနည်းချက်များ ထုတ်ဖော်လာစေရန် တွန်းအားပေးနိုင်မှာဖြစ်သည်။

High Energy QR Code [ Myanmar translation ]Where stories live. Discover now