Chapter 55 _ တရားမဝင်မိုင်းတွင်း

864 200 1
                                    


(Unicode)

"အဆင်ပြေတယ်" ဦးနစ်ခ်က ရှင်ယဲ့လက်ကို စစ်ဆေးကြည့်ပေးပြီးနောက်၊ သူ၏ လက်အား ပုတ်၍ ဆိုလိုက်လေ၏: "တော်တော်လေး အကြမ်းခံပြီး တာရှည်ခံတယ်။ သတ္တုရိုင်း ၅တုံးကျတယ်"

"ဘာ?" နံရံထောင့်၌ တိတ်ဆိတ်စွာ ရပ်နေခဲ့သည့် မှန်က ချက်ချင်းဆိုသလို အသံထွက်လာတော့သည်။ "ခင်ဗျား အလကားလို့ ပြောခဲ့တယ် မဟုတ်ဘူးလား?"

ဦးနစ်ခ်က ဣန္ဒြေမပျက်ပင် ဆိုလေ၏: "ငါ့သားပြင်ပေးတာကတော့ သေချာပေါက် အလကားပေါ့။ ဒါပေမဲ့ လက်စစ်ဆေးတာက ငါလုပ်ခဲ့တာလေ! ငါက ဒီရုပ်သေးမြို့တော်တစ်ခုလုံးမှာ အကောင်းဆုံး မက္ကင်းနစ်ပဲ။ ဒီလို အမျိုးအစားအဟောင်း ရုပ်သေးရုပ်ကိုယ်ပေါ်မှာ လက်အသစ်ဆင်တဲ့ စမ်းသပ်ခနဲ့  ဒီမီးခြစ်ဆံလက်ပြင်တာနဲ့ တူနိုင်မလား? ဒါက နည်းပညာကွ၊ နည်းပညာ!"

မှန်: "....."

သူ ဒေါသထွက်လွန်း၍ သေတော့မည်။ ရုပ်သေးမြို့တော်က စီးပွါးရေးသမားတွေက ဘာလို့ ဒီပုံစံတွေပဲ ဖြစ်နေရတာလဲ။ သူက ရုပ်သေးရုပ်ကောင်းတစ်ရုပ်နဲ့ တွေ့ရပြီလို့ စဉ်းစားနေတာကို!

ရှင်ယဲ့က အလွန်တည်ငြိမ်နေသည်။ သူ အစောပိုင်းကတည်းက စိတ်ကို ပြင်ဆင်ထားခဲ့ပြီးပြီဖြစ်သည်။ သူတို့လို ကံဆိုးလှသည့် ကံကြမ္မာဆန့်ကျင်သူများက ဘယ်လိုလုပ် ကောင်းကင်ပေါ်က ပိုင်မုန့်ကျလာသည်*နှင့် ကြုံတွေ့ရနိုင်မည်နည်း။

ရှင်ယဲ့ ယခင်က ပြောခဲ့ဖူးသည်။ ပိုင်မုန့်များမှာ ပုံဖျက်ထားသည့် ထောင်ချောက်များသာ ဖြစ်သည်။ ထိုထောင်ချောက်ထဲ တိုးဝင်မဝင်ကတော့ အကျိုးရလဒ်များကို ကိုယ်ကိုယ်တိုင် တောင့်ခံနိုင်မနိုင်အပေါ်မှာပဲ မူတည်နေမှာပင်။

[ကောင်းကင်ပေါ်က ပိုင်မုန့်ကျလာတာကတော့ မမျှော်လင့်ဘဲ ကံကောင်းမှုနဲ့ ကြုံတွေ့လိုက်ရတာတို့၊ ကံကောင်းလို့ အသာလေးရလိုက်တာဆိုတဲ့ အဓိပ္ပာယ်မျိုးပါ]

ရှင်ယဲ့အတွက်ကတော့ လက်မှာ ယခုလက်ရှိအချိန်၌ အရေးအကြီးဆုံးပင်ဖြစ်သည်။ သူ ပြန်လည်ရေးဆွဲနိုင်သည့်ဘောပင်ကို အသုံးပြုနိုင်မှ ရမည်ဖြစ်တာကြောင့်၊ မူလစွမ်းရည်အတွက် လှည့်စားခံရင်တောင် ရှင်ယဲ့ ကျေနပ်သည်။

High Energy QR Code [ Myanmar translation ]Donde viven las historias. Descúbrelo ahora