Chapter 42 _ အပေါ်ယံဇာတ်သိမ်း

1.2K 285 12
                                    


(Unicode)

သူပြောသည့် စကားများက အမှန်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ရှင်ယဲ့နှင့် ချောင်ချန့်တို့မှာ ဆရာတင်းကို တိုက်ခိုက်လို့ မရတော့ချေ။ ယခုအချိန်မှာတော့ အခွင့်အရေးကို အသုံးချပြီး သတင်းများ မေးယူဖို့သာ တတ်နိုင်လေသည်။

"ခင်ဗျားတို့ မနေ့ညက အားကစားခန်းမမှာ ဘာရှာတွေ့ခဲ့တာလဲ?" ရှင်ယဲ့ မေးလိုက်၏။

"သီခွမ့်က မင်းကို အပြည့်အဝ မယုံကြည်နိုင်ဘူးလို့ပြောတယ်။ ဘယ်သူကမှ ပြိုင်ဘက်ကို တကယ့်အရေးကြီးတဲ့ သတင်းအမှန်တွေ ပြောပြမှာမဟုတ်ဘူးတဲ့။ သူက မင်းနဲ့အတူ သွားလာနေတဲ့ ဒီနှစ်ရက်မှာ၊ ကွမ်းလင်နဲ့ ဝူယွီကို အထူး QR code တွေနဲ့ သဲလွန်စတွေ ရှာခိုင်းထားတာ။ အခုက ဗီဒီယိုကော ပန်းချီကားကော အကုန်လုံး ပိုင်ရွှိကို ညွှန်ပြနေတယ်ဆိုတော့၊ သီခွမ့်က ပိုင်ရွှိနဲ့ ဆက်သွယ်ဖို့ သွားတာပဲ"

ဆရာတင်း၏ ဇာတ်ကြောင်းပြန်ပေးမှုအရ၊ ရှင်ယဲ့နှင့် ချောင်ချန့်မှာ တစ်ဖက်အဖွဲ့ ဇာတ်လမ်းကို သိရှိသွားကြလေ၏။

ပိုင်ရွှိမှာ ရှင်ယဲ့ ဖော်ပြထားသကဲ့သို့ လုံးဝ ဆိုးဝါးမနေချေ။ သီခွမ့်က ထိုနှစ်၌ ဖြစ်ခဲ့သည့် ကိစ္စများကို တိုက်ရိုက် ထုတ်ပြောလိုက်သည့်အခါ၊ ပိုင်ရွှိက ငိုယို၍ အတင်းဓမ္မ စေခိုင်းခံရခြင်း ဖြစ်သည်ဟု ဆိုလာလေသည်။

သူမ ပြောသည်မှာ လင်ကျင့်ရွှယ်က သက်သေကျန်ခဲ့မှာ ကြောက်တာကြောင့်၊ သူမအား သော့ကိုပေး၍ လျှိုမုချင်းအား ထောင်ချောက်ဆင်ရန် အတင်းဓမ္မစေခိုင်းခဲ့ခြင်း ဖြစ်သည်ဟုပင်။ ထိုနေ့က သူမလည်း လှေကားပေါ်၌ ရှိနေကာ၊ လင်ကျင့်ရွှယ်က လျှိုမုချင်းအား တွန်းချလိုက်သည်ကို မျက်စိတပ်အပ်မြင်ခဲ့ရကြောင်း၊ လင်ကျင့်ရွှယ်က သူမ အဖေအား စောင့်ကြည့်ကင်မရာကို ဖျက်စီးခွင့်ပေးလိုက်သေးကြောင်း ဆိုခဲ့လေသည်။

စောင့်ကြည့်ကင်မရာကို လင်ကျင့်ရွှယ်အဖေက ဖျက်စီးခဲ့သည်ဆိုသည်မှာ မှန်သည်။ ပိုင်ရွှိ စကားမှာ မမှားပေ။ သူမက လင်ကျင့်ရွှယ်နှင့် သူ့အဖေတို့ ထိုအချိန်က ဖုန်းပြောခဲ့သည့် အကြောင်းအရာကိုတောင် အသံသွင်းထားခဲ့သေးသည်။

High Energy QR Code [ Myanmar translation ]Where stories live. Discover now