Chapter 65 _ ခဲခယ့်

667 171 3
                                    


(Unicode)

T/N _ ခဲခယ့်က အင်္ဂလိပ်နာမည်ပေမဲ့ အသံထွက်မသေချာလို့ တရုတ်လို အသံထွက် (科克) ကိုပဲ တိုက်ရိုက်ပြန်ရေးထားတာပါ။
_______________

ရှင်ယဲ့က ဘာလို့ သူရဲ့ အုပ်စုရွေးချယ်ခဲ့သည့် အကြောင်းအရင်းကို မေးနေမှန်း ကွမ်းလင် နားမလည်ချေ။ သူက ပျော်ပျော်ရွှင်ရွှင်ဖြင့်သာ ဆက်ပြောလေသည်: "ဘော့စ်၊ QR code တွေ ရှာတွေ့ခဲ့တာအပြင်၊ ကျန်တဲ့ ကံကြမ္မာလိုက်နာသူနှစ်ယောက်နဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကိုပါ သိခဲ့ရသေးတယ်!"

ကျန်နေတဲ့ ကံကြမ္မာလိုက်နာသူနှစ်ယောက်ကိုပါ ရှာတွေ့ခဲ့တာလား? ကွမ်းလင်၏ ခရီးရောက်နှုန်းကတော့ အတော်မြန်လေသည်။ ရှင်ယဲ့ သူ့ကို မယုံကြည်ပေ။ သို့သော် အဖွဲ့ထဲမှာ လိုက်နာသူတစ်ယောက်ရှိသည်က တော်တော်လေး အဆင်ပြေသည်။ သီခွမ့်က ကံကြမ္မာလိုက်နာသူတွေ ဒီလောက်အများကြီး စုဆောင်းနေသည်မှာလည်း အံ့ဩစရာမဟုတ်ပေ။

ရှင်ယဲ့ QR code ကို ကျက်လိုက်ပြီးနောက်၊ ကွမ်းလင်ထံ ပြန်ပေးကာ ဆိုလိုက်သည်: "မင်းဘာသာမင်း ခွဲတမ်းချလိုက်"

"ဟင်?" ကွမ်းလင်က ဆို၏။ "ဘောစ့်၊ မင်း ငါ့ရဲ့ မူလစွမ်းရည်ကို သိရဲ့သားနဲ့။ ငါ့ဆီ QR code တွေအပ်ထားရင် အချည်းအနှီးဖြစ်ရုံပဲရှိမှာပေါ့"

ရှင်ယဲ့: "မွဲပြာကျမိသားစုက နာမည်ကနေ မှန်းကြည့်လို့ရသလောက်၊ နောက်ဆုံးမတတ်သာတဲ့ အခြေအနေမှာမှ အသုံးပြုသင့်တဲ့ စွမ်းရည်ပဲ။ မင်းက ဒီတိုင်းသာမန်စွမ်းရည်တစ်ခုလို့ပဲ  သတ်မှတ်လိုက်လို့မရဘူး။ မင်းက အဲ့လိုတွေးရင်၊ မင်းရဲ့ အခန်းကဏ္ဍက ခုခံကာကွယ်ရေး item တစ်ခုပဲ ဖြစ်နေမှာပဲ။ ဘယ်တော့မှ အဖွဲ့သားတွေနဲ့ အတူပူးပေါင်းပြီး တိုက်ခိုက်နိုင်မှာမဟုတ်ဘူး"

ကွမ်းလင်မှာ သူ၏ မူလစွမ်းရည်ကို စတင်သိရှိခဲ့ရသည့် အချိန်ကတည်းက၊ သူ့ကိုယ်သူ အထိန်းတော််တစ််ယောက်အဖြစ် ကျေကျေနပ်နပ် ရှုမြင်ထားခဲ့ကာ၊ နေရာရပြီး လုံခြုံမှုရှိသည်ဟုလည်း ခံစားခဲ့ရသည်။ သီခွမ့်နှင့် အဖွဲ့မဖွဲ့ခင်အချိန်က ဝင်ခဲ့သည့် ယာယီအဖွဲ့လေးထဲမှာတောင်၊ QR code အနည်းငယ်မျှကိုသာ အသုံးပြုခဲ့ပြီး၊ အချိန်တော်တော်များများ၌ အသက်များ ကယ်တင်ရင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။ ယခု ရှင်ယဲ့၏ စကားက ကွမ်းလင် အရင်က သိမြင်ခဲ့သည့်အရာများကို ယိုင်လဲစေခဲ့သည်ဟု ဆို၍ရနိုင်တာကြောင့်၊ သူ မနေနိုင်စွာဖြင့် စဉ်းစားမိလိုက်မိလေသည်။ ငါလည်း ရှေ့တန်းကနေ တိုက်ခိုက်လို့ ရနိုင်တယ်လား?

High Energy QR Code [ Myanmar translation ]Where stories live. Discover now