Chapter 18 _ စည်းမျဉ်းများ

1.5K 359 28
                                    


(Unicode)

“အစဦးကမ္ဘာက  ကံကြမ္မာဆန့်ကျင်အဖွဲ့အပေါ် နည်းနည်းလေး ရက်စက်လိုက်တာကြောင့်နဲ့တော့၊ ကျေးဇူးပြုပြီး ဂိမ်းက ဘက်လိုက်တယ်လို့ မထင်လိုက်ပါနဲ့။ ငါ့ရဲ့အကြံပေးချက်က တကယ် မျှတပြီး၊ သင့်အတွက်လည်း အကျိုးရှိတာပဲလေ။ အစဦးကမ္ဘာမှာ တွေ့ခဲ့ရတဲ့ ပြိုင်ဘက်တွေက ဘာ အထူးစွမ်းရည်မှလည်း မရှိသေး၊ တစ်ခါမှလည်း အနိုင်မရဖူးသေးတဲ့ လူသစ်တွေပဲ။ နောက် ရှုပ်ထွေးပွေလီကမ္ဘာထဲမှာ ပါဝင်မယ့်သူတွေအားလုံးကတော့  ပွိုင့် ၂၀၀ကနေ ၅၀၀၀၀အထိရှိတဲ့ ကစားသူတွေချည်းပဲ။ သင့် ကံကောင်းနှုန်းတန်ဖိုးနဲ့ ဆိုရင် သေချာပေါက် ပွိုင့်တွေမြင့်တဲ့ ပြိုင်ဘက်နဲ့ တွေ့ရမှာပဲ။ အထူး QR code မရှိဘဲနဲ့တော့ ရှုပ်ထွေးပွေလီကမ္ဘာထဲမှာ အနိုင်ရဖို့က သင့်အတွက် ခက်ခဲလိမ့်မယ်။ အဲ့ဒါကြောင့် သင့်ကို ရွေးချယ်ဖို့ အခွင့်အရေးထပ်ပေးမယ်” အဖြူအနက်ကုဗတုံးက ဟုတ်မှန်စွာ ပြောပြလေ၏။

ရှင်ယဲ့ ခေါင်းညိတ်ကာ ပြောလိုက်သည်: “ငါ နားလည်တယ်။ ဆယ်စက္ကန့် ကုန်သွားပြီ။ ငါ မှန်ကိုပဲ ‌ရွေးမယ်”

အဖြူအနက်ကုဗတုံးက ဆက်လက် လည်ပတ်လျက်ရှိနေကာ၊ ရှင်ယဲ့ဘက်သို့ မျက်နှာမူလျက် အဖြူအနက်ကုဗကွက်များဖြင့် အပြုံးကြီးတစ်ခုကို ပုံဖော်ထားလေသည်: “အခက်အခဲဆုံး လမ်းကို ရွေးချယ်လိုက်တဲ့အတွက် ကစားသူကို ဂုဏ်ပြုပါတယ်။ မှန်ကို သင့်လက်ထဲထည့်ပေးပါမယ်”

ထိုသို့ ဆိုလိုက်ပြီးနောက်တွင်၊ ရှင်ယဲ့ ဘေးရှိ စာအုပ်စင်ပေါ်၌ QR codeတစ်ခုအား ရိုက်နှိပ်ထားသော ကဒ်တစ်ခုပေါ်လာလေသည်။

လက်ကောက်မှာလည်း မိုဘိုင်းဖုန်းတစ်ခုအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားလေ၏။ ထိုအခါ ရှင်ယဲ့က QR codeကို ဖုန်းဖြင့် scan ဖတ်လိုက်လေသည်။

‘တီး’ ဆိုသောအသံနှင့်အတူ QR codeက ပျောက်ကွယ်သွားပြီး၊ မိတ်ကပ်မှန်တစ်ခုက ရှင်ယဲ့လက်ထဲတွင် ပေါ်လာခဲ့သည်။

ထို့နောက် မှန်၏ လုပ်ဆောင်မှု ရှင်းလင်းချက်များကို ဖုန်းထဲတွင် ဖော်ပြလာ၏:  ဒါက တကယ့်ကမ္ဘာကို ယူဆောင်သွားလို့ မရနိုင်တဲ့ မှန်တစ်ချပ်ဖြစ်ပါတယ်။ သူ့မှာ အထူးစွမ်းရည်တွေရှိပေမဲ့၊ အဲ့ဒီအထူးစွမ်းရည်တွေကို မှန်ရဲ့ သဘောတူညီချက်နဲ့ ပိုင်ရှင်ရဲ့ ခွင့်ပြုချက်ရမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သူ့မှာ နာမည်လည်း ရှိကောင်းရှိနိုင်ပါတယ်၊ ဒါပေမဲ့ ပိုင်ရှင်ကို ပြောချင်စိတ်ရှိမှာသာ ပြောပြမှာဖြစ်ပါတယ်။ mission item ဆိုတဲ့ အဖြစ်ကနေ ဖယ်ရှားပြီးနောက်မှာ၊ စကားပြောနိုင်သွားမှာပါ။ ဒါပေမဲ့ စကားပြောမပြောကတော့ သူ့ရဲ့ စိတ်အခြေအနေအပေါ်မှာပဲ မူတည်ပါတယ်။ အကျဉ်းချုပ်အနေနဲ့ ဒါက အသုံးပြုရခက်ခဲတဲ့ မှန်တစ်ချပ်ဖြစ်ပြီးတော့၊ သင်က သူ့ကို အသုံးပြုပြီး ကိုယ့်မျက်နှာကိုယ် မှန်ထဲမှာ ကြည့်ချင်ရင်တောင်၊ ပြမပြဆိုတာ သူ့ရဲ့ စိတ်အခြေအနေအပေါ်မှာပဲ မူတည်နေမှာဖြစ်ပါတယ်။

High Energy QR Code [ Myanmar translation ]Wo Geschichten leben. Entdecke jetzt