Chapter 4 _ အစေခံ

1.9K 438 46
                                    


(Unicode)

ရှင်ယဲ့ မှန်ကို အပြင်သို့ သယ်သွားလိုက်ပြီးနောက် ခြံဝန်းထဲတွင်ထားကာ ပြန်ထွက်သွားလိုက်သည်။ ခဏအကြာမှာတော့ လက်သီးဆုပ် အရွယ်အစားလောက်ရှိသည့် ကျောက်တုံးတစ်တုံးကို ယူလာလေသည်။ ထို့နောက် သူ့၏ ဘယ်လက်ဖြင့် မှန်လက်ကိုင်ကို ကိုင်ကာ ညာလက်ဖြင့် ကျောက်တုံးကို ကိုင်ပြီး ပြောလိုက်သည်။

“ဘုရင်မက ဘယ်သူ့ကိုမှ မှန်ကို ခိုးဝှက်ခွင့် မပြုဘူး။ ဒီမှန်က ရွာအတွက် အန္တရာယ်ဆိုးတွေကို သယ်ဆောင်လာလိမ့်မယ်။ အဲ့ဒါကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲသွားအောင် ခွဲပစ်ရမယ်”

လရောင်အောက်တွင် ရှိနေသည့် မှန်မှာ ကိုယ်ကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်လေသည်။ ထို့နောက် စာလုံးနှစ်လုံးက မှန်ပေါ်တွင် ပေါ်လာခဲ့သည်: “သာမန်”

ရှင်ယဲ့ မျက်ခုံးများကို ပင့်ကြည့်ကာ ပြောလိုက်၏။

“ကြည့်ရတာ ဒီမှန်က အသိစိတ်ရှိနေတဲ့ပုံပဲ။ အဲ့လိုဆို မကောင်းဆိုးဝါးတစ်ကောင် ဝင်နေတာဖြစ်ရမယ်။ မှန်ကိုခွဲပြီးရင် မီးနဲ့ပါ ရှို့ပစ်ရတော့မှာပဲ”

မှန်ပေါ်ရှိ စာလုံးများမှာ ချက်ချင်းပင် စာလုံးကြီးဖြင့် တောက်ပ၊ ထင်ရှားစွာ ရေးသားထားသော “လှတယ်” ဆိုသည့် စာလုံးအဖြစ်သို့ ပြောင်းလဲသွားသည်။

ရှင်ယဲ့မှာ မလှုပ်မရှားပင် ရပ်နေသည်။ ထို့နောက် မျက်တောင်တစ်ချက်မခတ်ဘဲ ကျောက်တုံးကို အောက်သို့ချလာသည်။ ကျောက်တုံးမှာ မှန်နှင့် ထိခါနီးနီး အချိန်လေးတွင် စာလုံးများမှာ တဖန်ပြောင်းလဲသွားလေသည်။ ဒီတစ်ခါမှာတော့ “ချောမောခန့်ညားတယ်” ဆို့သည့် စာလုံးကို အရောင်စုံလင်စွာဖြင့် လှပစွာ ရေးသားထားလေသည်။

“အိုး?” ရှင်ယဲ့ ကျောက်တုံးကို ချလိုက်သည်။

“မင်းက ငါ့ရဲ့ သရုပ်မှန်ကို သိတာလား?”

မှန်ပေါ်ရှိ စာလုံးများမှာ ပျောက်ကွယ်သွားတော့သည်။ ပုံမှန် မှန်တစ်ချပ်ကဲ့သို့ပင် လှပသည့် လရောင်မှာ မှန်ပေါ်တွင် ထင်ဟပ်နေလေသည်။

High Energy QR Code [ Myanmar translation ]Where stories live. Discover now