Chapter 10 _ ရွှေလက်ချောင်း

1.6K 356 10
                                    


(Unicode)

[T/N _ဒီရွှေလက်ချောင်းဆိုတာက ဂိမ်းတွေထဲမှာ ပရိယာယ်နဲ့လှည့်ဖျားတာကိုခေါ်တဲ့ Cheat Code ပါ။ ဟောင်ကောင်မှာ လှည့်ဖျားတဲ့သူတွေ၊ သစ္စာဖောက်တဲ့လူတွေအတွက် ဗန်းစကားအနေနဲ့လည်း သုံးပါတယ်။ ပြီးတော့ လျို့ဝှက်သတင်းပေးရဲတွေကိုလည်း အဲ့လိုမျိုးခေါ်တတ်ကြပါတယ်။]

တစ်ဖက်လူက အခွင့်သာနေပြီး ကိုယ်ဘက်မှာ ဘာမှမရှိသည့် အချိန်ဖြစ်နေသည်။ သို့သော် ထိုလူက ကိုယ့်ရှေ့မှာ ငါးစာတစ်ခုတစ်ခုချပေးထားသည်။ အဲ့ဒီအချိန် ဘာလုပ်သင့်သလဲ?

အဖြေကတော့ရှင်းသည်။ ငါးစာ၏ နောက်ကိုလိုက်ရင်း ငါးစာချတဲ့လူကို ရှာဖွေလိုက်ရုံပင်။

ရှင်ယဲ့ တော်ဝင်မြို့တော်ဆီ ရောက်နိုင်ဖို့ နည်းပေါင်းစုံသုံးလို့ရသည်။ အဲ့ဒါဆိုဘာလို့ နောက်ဆုံးမှာ ကြိုးကိုင်ခြယ်လှယ်သူ ပြင်ဆင်ထားတဲ့ လမ်းကို ရွေးလိုက်ရတာလဲ? ဘာကြောင့်လဲဆိုတော့ နောက်ကွယ် ကပဲ့ကိုင်သူကို ရှာဖွေဖို့ပဲဖြစ်သည်။

အခွင့်အရေးဆိုတာ အမြဲတမ်း အသင့်ပြင်ဆင်ထားသူတွေအတွက်သာဖြစ်သည်။ ပြိုင်ဘက်၏ ထောင်ချောက်ထဲဝင်ပြီး အရှုံးကနေ အနိုင်အဖြစ် အခြေအနေကို ပြောင်းပြန်လှန်ချင်တယ်ဆိုလျှင် အပြည့်အဝ ပြင်ဆင်ထားမှ ရမည်ပင်။ ခရီးတစ်လျှောက်လုံး ရှင်ယဲ့ အကြံအဉာဏ်များစွာကို တွေးဆခဲ့၏။ System၏ ရှုထောင့်ကစ၍ သူတို့လို့ ကစားသူတွေဆီကနေ ဂိမ်းက ဘာပြန်လိုချင်သလဲဆိုတာကို စဉ်းစားခဲ့သည်။ ထိုရှုထောင့်က စဉ်းစားရင်းဖြင့် သူ့အားကွယ်ဝှက်ထားသည့် ဂိမ်းစည်းမျဉ်းများအကြောင်းကို ခွဲခြမ်းစိတ်ဖြာနိုင်သည်။

ထို့နောက် သူ ကြိုးကိုင်ခြယ်လှယ်သူနေရာကနေ စဉ်းစားကြည့်သည်။ အစေခံအမျိုးသမီးကြီးအပါအဝင် ကြိုးကိုင်ခြယ်လှယ်သူ သုံးယောက်စလုံး အချင်းချင်း ဆက်သွယ်နိုင်တာကို ကြည့်လျှင်၊ မူလ ဇာတ်သိမ်းတွေကို သတ်မှတ်တုန်းက အချင်းချင်း တိုင်ပင်ခဲ့ကြမည်သာဖြစ်သည်။ ဒီလောက်အထိ သူတို့ဘက်ကအခွင့်သာနေတဲ့အချိန်မှာ၊ သူသာ ကြိုးကိုင်ခြယ်လှယ်သူဆိုလျှင် ဇာတ်လမ်းအသွားအလာက ဆန့်ကျင်ဘက်ဖြစ်နေသည့် ဇာတ်သိမ်းနှစ်ခုကိုသာ သတ်မှတ်မှာဖြစ်သည်။

High Energy QR Code [ Myanmar translation ]Where stories live. Discover now