Chapter 11 _ အမျိုးသမီးဝတ်စုံ

1.5K 370 17
                                    

(Unicode)

"လောရင့်စ်၊ မင်း ဝတ်ရုံကြီးက ရှည်လိုက်တာ။ ချော်မကျနိုင်ဘူးလား?" မော့စ်က မေးလိုက်သည်။

နယ်စားမင်း ဂါဆီယာ၏ ရဲမက် ဖြစ်လာနိုင်ဖို့အတွက် ရာထူးမြင့် စစ်သည်ရဲမက်နှစ်ယောက်၏ ထောက်ခံမှု လိုအပ်လေသည်။ ထို့ကြောင့် ရဲမက်ခေါင်းဆောင်နှင့် မော့စ်က ရှင်ယဲ့ကို နယ်စားမင်း ဂါဆီယာနှင့် တွေ့ဆုံဖို့ ခေါ်သွားပေးခဲ့သည်။

"မကျဘူး" ရှင်ယဲ့ရဲ့ မျက်နှာကတော့ ထုံးစံအတိုင်း အေးစက်နေလေ၏။

ရဲမက်ခေါင်းဆောင်က ရှင်ယဲ့ကို ဖျတ်ခနဲ စောင်းကြည့်လိုက်ပြီးနောက်၊ နောက်တစ်ခေါက်ထပ်ပြီး ခိုးကြည့်လာလေ၏။ ရှင်ယဲ့ကတော့ မသိချင်ယောင်ဆောင်လိုက်သည်။

"‌လောရင့်စ်၊ ဒီနေ့ မင်းကိုကြည့်ရတာ နည်းနည်း ထူးခြားနေသလိုပဲ" တံခါးရှေ့သို့ ရောက်လာသည့်အချိန်တွင် ရဲမက်ခေါင်းဆောင်က မနေနိုင်တော့ဘဲ မေးလိုက်လေသည်။

"ကျွန်တော် အခုလေးတင် ရေချိုးလာလို့ဖြစ်မယ်" ရှင်ယဲ့ ပြောလိုက်၏။

ဆယ်ရက်လောက် ရေမချိုးဘဲနေခဲ့ရာမှ ယခုလို သန့်သန့်ရှင်းရှင်းဖြစ်သွားသည့်အချိန်တွင် ကြည့်ရတာ ပြောင်းလဲနေမှာ သေချာပေါက်ပင်။

"အဲ့ဒါကြောင့် မွှေးကြိုင်နေတာကို...." မော့စ်က အနားကပ်လာပြီး ရှူကြည့်လေသည်။ "မင်း နယ်စားမင်း စံအိမ်ထဲက ရေမွှေးဆွတ်လာတာလား?"

သူ ရှူးဖိနပ်တွေတောင် မပေါ်သည့်အထိ ဝတ်ရုံရှည်ကြီးကို သေချာဝတ်ထားခဲ့့ခြင်းဖြစ်သည်။ ဘာလို့ ဒီလူနှစ်ယောက်က ဒီလိုမျိုးဖြစ်နေရတာလဲ? ရွှေလက်ချောင်း၏ ပါဝါကတော့ တကယ် မသေးပေ။

"မသိဘူးလေ" ရှင်ယဲ့ သူ၏ အေးအေးစက်စက် အကျင့်စရိုက်ကို ထိန်းသိမ်းထားကာ တံခါးကို ခပ်ဖွဖွ ခေါက်လိုက်၏။ ထို့နောက် ခွင့်ပြုမိန့်မရဘဲ အခန်းထဲသို့ ဝင်သွားလေသည်။

နယ်စားမင်း ဂါဆီယာက အသက်သုံးဆယ်ကျော်အရွယ် လူတစ်ယောက်ဖြစ်ပြီး၊ ခန္ဓာကိုယ် ကြံ့ခိုင်ကာ စူးရှသည့် မျက်လုံးများရှိသည်။ မြို့စားမင်း လူကာထက် များစွာ သန်မာမည့် ပုံပေါ်၏။

High Energy QR Code [ Myanmar translation ]Where stories live. Discover now