Chapter 62 _ ပျောက်ဆုံးသွားသော မျက်ရည်စများ

724 183 8
                                    

(Unicode)

ယခုလက်ရှိ သိရှိထားသည့် အချက်အလက်များအပေါ်အခြေခံ၍ ညီလေး ရှင်ရှော့ သေဆုံးရသည့် အကြောင်းအရင်းနှစ်မျိုးကို ရှင်ယဲ့ ခန့််မှန်းသုံးသပ်ထားသည်။

ပထမတစ်မျိုးမှာ၊ ရှင်ရှော့က ကံကြမ္မာလိုက်နာအုပ်စုကို ရွေးချယ်ခဲ့လိုက်နိုင်ချေ ရှိခြင်းဖြစ်သည်။ သူ့ညီက အခက်အခဲတစ်စုံတစ်ရာမရှိဘဲ နောက်ဆုံးအဆင့်အား တက်လှမ်းနိုင်သည့် အရည်အချင်းရှိသည်ဟု ရှင်ယဲ့ ယုံကြည်သည်။ ထို့နောက်မှာမူ မှန်လိုမျိုး item အဖြစ်ပြောင်းလဲဲသွားပြီး၊ တစ်ယောက်ယောက်၏ လက်ထဲသို့ ကျရောက်သွားကာ၊ ဖျက်ဆီးခံလိုက််ရခြင်းပင်ဖြစ်သည်။

ဒုတိယတစ်မျိုးမှာ၊ မြို့ပိုင်သားကဲ့သို့ အထူး item တစ်ခု၏ သားကောင်ဖြစ်လာခြင်းဖြစ်သည်။ ထိုအထူး item မှာလည်း၊ ကံကြမ္မာလိုက်နာသူကနေ ပြောင်းလဲသွားသည့် item ဖြစ်မနေဘူးဟု မပြောနိုင်ချေ။

ကံကြမ္မာလိုက်နာသူ တစ်ယောက်အနေနှင့်၊ တက်ကြွထက်သန်စွာဖြင့် mission များအား ရှင်းလင်းနိုင်ခဲ့လျှင်တောင််မှ၊ နောက်ဆုံး၌ item အဖြစ်သို့ ကျရောက်သွားရုံသာရှိလေသည်။

ကံအနည်းငယ် ကောင်းလျှင်တော့၊ သူနှင့် အတူရှိနေသည့် မှန်ကဲ့သို့၊ သူ့ကို အသုံးချပြီး လူလည်းမသတ်၊ ထိခိုက်အောင်လည်း မလုပ်တဲ့ စိတ်ထားကောင်းသည့် ကစားသူတစ်ယောက်နှင့် ကြုံတွေ့နိုင်ချေရှိသည်။

ကံအနည်းငယ်ဆိုးလျှင်တော့၊ အိတ်ဆောင်နာရီလိုမျိုး လူသတ်ရန် လက်နက်တစ်ခု ဖြစ်လာရုံသာရှိ၏။

ဂိမ်း System မှာ ကစားသူများအပေါ် ရက်စက်မှုများနှင့် ပြည့်နှက်နေသည်။ သို့သော် သူက အမိန့်ပေးသူအဖြစ် တည်ရှိရုံသာဖြစ်ပြီး၊ ကစားသူများ၏ အသက်ကို ထိခိုက်အောင် မလုပ်ချေ။ လူသားများအား သတ်ဖြတ်နိုင်သူမှာ ထာဝရ လူသားများ ကိုယ်တိုင်သာဖြစ်သည်။

သေချာပေါက် အရာအားလုံးမှာ ရှင်ယဲ့၏ ထင်မြင်ချက်များသာဖြစ်ပြီး၊ အမှန်စင်စစ် မဟုတ်တာလည်း ဖြစ်နေနိုင်သည်။ အိတ်ဆောင်နာရီမှာ တကယ်တမ်း အထူး item တစ်ခုသာဖြစ်နေနိုင်ပြီး၊ မြို့ပိုင်၏ သားမှာလည်း အပြင်၌ တကယ် သေဆုံးခြင်း မရှိတာလည်း ဖြစ်နိုင်သည်။

High Energy QR Code [ Myanmar translation ]Where stories live. Discover now