Chapter 52 _ မီးခြစ်ဆံရုပ်သေးရုပ်

986 247 4
                                    


(Unicode)

ရုပ်သေးရုပ်များအားလုံး မြို့ပြင်သို့ ထွက်ခွာရန်အတွက် မြို့တံခါးဝ၌ ပိတ်ကာ စောင့်ဆိုင်းနေကြသည့်အချိန်၊ ချောင်ချန့်နှင့် ရှင်ယဲ့တို့ မသန်စွမ်းရုပ်သေးရုပ်နှစ်ရုပ်မှာ လျင်မြန်စွာဖြင့် လူသူရှင်းသည့် ထောင့်တစ်နေရာကို ရှာ၍ ပုန်းခိုလိုက်ကြလေသည်။ မှန်က သူ၏ နှစ်မီတာမြင့်သော ကိုယ်လုံးဖြင့် ရုပ်သေးရုပ်သေးသေးလေး နှစ်ရုပ်အား ကာပေးလိုက်လေ၏။ ကြေးလက်နှစ်ချောင်းကို ခါးပေါ်တွင် ထောက်ထားရင်း၊ ပထမဦးဆုံးအကြိမ်အဖြစ် ရှင်ယဲ့ကို ကာကွယ်ပေးနိုင်ခဲ့သည့်အတွက်၊ သူ့ကိုယ်သူ အလွန်အထာကျသွားသလို ခံစားလိုက်ရသည်။

"ဘယ်လိုဖြစ်တာလဲ?" ချောင်ချန့်က မှန်အားကြည့်လျက်၊ ရှင်ယဲ့နားသို့တိုးကာ နှစ်ယောက်တည်းသာကြားနိုင်မည့် လေသံဖြင့် မေးလိုက်လေ၏။ "သူက ဘယ်သူလဲ? အခုမှသိတဲ့ ကံကြမ္မာလိုက်နာသူလား?"

ချောင်ချန့််က ကိုယ့်ကံကိုယ် သေချာသိသည့် အဖွဲ့သားဖြစ်သည်မှာတော့ ပြောစရာမလိုပေ။ ယခုကဲ့သို့မြင့်မားသော ခန္ဓာကိုယ်ရှိသည့် မှန်ကို မြင်လိုက်သည်နှင့် သူက ကံကြမ္မာဆန့်ကျင်သူ ဖြစ်နိုင်မည်ဟုတောင် ခန့်မှန်းမနေတော့ချေ။

"မဟုတ်ဘူး" ရှင်ယဲ့ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။ "ငါ့ရဲ့ ဒီခန္ဓာကိုယ်နဲ့ ညီအစ်ကို။ နည်းနည်း‌ေကြာင်‌ေတာင်‌ေတာင်ပုံပဲ။ အရူးလုပ်ရလွယ်တယ်။ သူ့ကို ရှောင်စရာမလိုဘူး။ 'ကဒေါက်' "

ရှင်ယဲ့ မေးစေ့အား ပင့်တင်လိုက်၏: " 'ကဒေါက်'၊ စိတ်မရှိနဲ့။ ငါ ဆီလဲရမှာ။ 'ကဒေါက်'"

"ကြောင်တောင်တောင်? အဲ့ဒါဆို ငါတို့ရှာရမယ့် အမှန်တရားကိုပြောတဲ့ တစ်ဦးတည်းသော ရုပ်သေးရုပ် ဖြစ်နိုင်တယ်မဟုတ်ဘူးလား?" ချောင်ချန့်က မေးလိုက်၏။

" 'ကဒေါက်'၊ ငါတို့ ကံက အဲ့လောက်ကောင်းမယ်လို့ မင်းထင်နေတာလား? 'ကဒေါက်'" ရှင်ယဲ့က မေးကို ပင့်ထားရင်း ချောင်ချန့်၏ ထိလွယ်ရှလွယ်ပြီး ကျိုးပဲ့နေသော လက်အားကြည့်လိုက်လေ၏။ "မင်း ဒီပုံစံနဲ့ မူလစွမ်းရည် သုံးနိုင်ပါ့မလား?"

High Energy QR Code [ Myanmar translation ]Where stories live. Discover now