Chapter 31 _ သတင်းအချက်အလက်

1.1K 295 2
                                    

           

(Unicode)

   
ဆရာတင်းမှာ ရှင်ယဲ့အား ဒီဗီဒီယိုကို ဘယ်ကနေရလာတာလဲ၊ နောက်ထပ် အဖွဲ့သားတစ်ယောက်ကလည်း ဘယ်လိုလုပ်ပြီး ရုတ်တရက် ပေါ်လာတာလဲ၊ သူမကကော ယုံကြည်ရရဲ့လား စသဖြင့် မေးချင်ခဲ့လေသည်။

သို့သော် သူ့မှာ မေးခွန်းမေးဖို့တောင် အချိန်မရှိလိုက််ချေ။ ရှင်ယဲ့က memory cardထဲရှိ လျှို့ဝှက်ဖိုင််များကို ရှာတွေ့သွားသည်နှင့် ဖိုင်များအား ဖွင့်ကြည့်လိုက််တာကြောင့် ဆရာတင်းမှာ နောက်ထပ် ပါးစပ်ဟဖို့တောင် အခွင့်အရေးမရှိ ဖြစ်သွားရသည်။ ထို့ကြောင့် ဗီဒီယိုအား စိတ်ရှည်ရှည်ဖြင့်သာ ကြည့်ပြီး၊ အဆုံးထိကြည့်ပြီးမှသာ စကားပြောဖို့ တတ်နိုင်တော့သည်။

ဖန်သားပြင်ပေါ်ရှိ ဗီဒီယိုအစပိုင်းတွင် ပုံရိပ်များ အနည်းငယ် လှုပ်ရမ်းနေရာမှ၊ အခန်းနံပါတ် ၄၀၄မှ ဆရာမှာ ကင်မရာရှေ့တွင် ထွက်ပေါ်လာခဲ့လေသည်။ သူက ကင်မရာ အနေအထားကို ချိန်ညှိနေပြီးနောက်၊  တဟားဟား ရယ်သံပြုကာ ထွက်ခွါသွားတော့လေသည်။

သူ ထွက်ခွါသွားသည့်အချိန်မှ၊ သူတို့သုံးယောက်မှာ စောစောက ဆရာ၏ ကိုယ်နှင့် ကွယ်ထားသော မြင်ကွင်းကို မြင်လိုက်ရလေသည်။ ထိုနေရာမှာ အဝတ်အစားလဲခန််း တစ်ခန်းဖြစ်နေလေ၏။

"ဒါက မိန်းကလေးအဝတ်လဲခန်းပဲ" ဆရာတင်းက ဆိုလိုက်သည်။ "ကာယအတန်းက ယောကျ်ားလေး မိန်းကလေးခွဲထားတယ်။ မိန်းကလေးတွေက အတန်းချိန်မတိုင်ခင် အဲ့ဒီအခန်းထဲမှာ အားကစားဝတ်စုံလဲရတာ။ အဲ့ဒီဆရာက အခု အထက်တန်းတတိယနှစ်ရဲ့ အတန်းမှူးပဲ။ သူက မိန်းကလေး အဝတ်လဲခန်းထဲမှာ ချောင်းရိုက် ကင်မရာတပ်ထားတယ်တဲ့လား၊ ဘယ်လိုတောင် သိက္ခာမရှိတဲ့ ဆရာလဲ"

"ဟုတ်တယ်။ လူတိုင်းသာ ဆရာတင်းလို တွေးနိုင်ရင် ကောင်းမှာပဲ" ရှင်ယဲ့ သူ၏ စကားများကို သံယောင်လိုက်လိုက်သည်။

ချောင်ချန့်က ရှင်ယဲ့ကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက်၊ ထုံးစံအတိုင်း အမူမထားဟန်ဖြင့် ဗီဒီယိုကြည့်ဖို့ကိုသာ အာရုံစိုက်လိုက်လေ၏။

High Energy QR Code [ Myanmar translation ]Där berättelser lever. Upptäck nu