Chapter 48 _ နောက်ဆက်တွဲ

1.1K 304 15
                                    


(Unicode)

"ဘော့စ်၊ သူငယ်ချင်းအဖြစ် add လိုက်" ကွမ်းလင်က ဖုန်းကို ထုတ်၍ ရှင်ယဲ့အား ပြောလိုက်လေသည််််။ "သီခွမ့်နဲ့ တကယ် တစ်ဖွဲ့တည်း မနေချင်တော့ဘူး။ ငါ မင်း အဖွဲ့ထဲဝင်လို့ရလား?"

ရှင်ယဲဲ့: "လောလောဆယ်တော့ အဲ့လို လုပ်ဖို့ အစီအစဉ်မရှိဘူး။ ငါ မင်းကို မယုံဘူး"

ကွမ်းလင်က ရှင်ယဲ့၏ ပေါင်ကို ထဖက်တော့မည့်အတိုင်း ဆိုလိုက်လေ၏:

"ယုံကြည်မှုက ပေါင်းကြည့်သင်းကြည့်ရင်းနဲ့မှ ရလာမှာပါ။ တစ်ယောက်နဲ့တစ်ယောက် တွေ့ပါများမှ၊ အချင်းချင်းနားလည်လာနိုင်မှာ။ ငါ ဘယ်လောက် လိမ္မာလဲဆိုတာ မင်းတွေ့ပါတယ်။ သီခွမ့်က ငါ ရှာထားတဲ့ QR code တွေအကုန်လုံး သူ့ကို ပေးခိုင်းတာတောင်၊ ငါ ဖွက်မထားရဲခဲ့ဘူးလေ။ သူ့ထက်လည်း အပုံကြီး သန်မာတယ်!"

နောက်ဆုံး စကားက ဆရာတင်းအား ရည်ညွှန်းလိုက်ခြင်းပင်ဖြစ်သည်။ တင်းချန်ရွှမ်းက တကယ်ကို အထင်ကြီးစရာမရှိပေ။ သို့သော်လည်း အသက်ရှင်ကျန်ရစ်နိုင်သည့် အရည်အချင်းတော့ရှိသည်။

"ကံကြမ္မာလိုက်နာသူတွေနဲ့ ဆန့်ကျင်သူတွေက အဖွဲ့ ဖွဲ့လို့ မရဘူးမလား? မင်းမှာ အထူး item တွေရှိနေရင်တောင်မှ၊ ငါ မင်းနဲ့ အဖွဲ့ မဖွဲ့ချင်ဘူး။ နောက်ကမ္ဘာကျရင်လည်း မင်းနဲ့ တစ်ကမ္ဘာတည်း မကျချင်ဘူး" ရှင်ယဲ့ ဆိုလိုက်လေ၏။

ကွမ်းလင်က ခေါင်းကုတ်လိုက်လေသည်: "ဒါပေမဲ့ ငါ မင်းနဲ့ အတူကျချင်တယ်။ မင်းက ကံကြမ္မာဆန့်ကျင်ကစားသူ၊ ငါက ကံကြမ္မာလိုက်နာကစားသူဆိုတော့၊ ဒါကို ကံကောင်းနှုန်းတန်ဖိုးနဲ့ ဖြစ်နိုင်ခြေရှုထောင့်ကနေ တွက်ချက်ကြည့်ရင်...."

ဒါ သေချာပေါက် တစ်ကမ္ဘာတည်း ကျမယ့် ကိန်းပဲ!

ဆရာတင်းက 'ဟားဟား' နှစ်ကြိမ် ရယ်လိုက်ပြီးနောက်၊ ရှင်ယဲ့ကို ပြောလိုက်လေ၏: "အဲ့ဒါ၊ ငါ..."

ရှင်ယဲ့ သူ့ကို အေးစက်စွာ ကြည့်လိုက်သည်: "ခင်ဗျား ကျွန်တော်နဲ့ တစ်ကမ္ဘာတည်း အတူကျဖို့ ဆုတောင်းလို့တော့ရတယ်။ ဒါပေမဲ့ စရောက်တဲ့အချိန်မှာပဲ ကျွန်တော် အရင်ဆုံး ခင်ဗျားကို သတ်ပြီး ပွိုင့်တွေ အစားပြန်ယူလိုက်မယ် မှတ်ပါ"

High Energy QR Code [ Myanmar translation ]Where stories live. Discover now