Chapter 38 _ အိပ်ရာထက်က စကားစမြည်

1.2K 295 5
                                    

  

(Unicode)

မှန်မှာ အလွန်ပင် မပျော်မရွှင်ဖြစ်လျက်ရှိနေလေသည်။ သူက ဘယ်ညာယိမ်းလျက် မိတ်ကပ်မှန်ကိုယ်အား ရွှေ့ကာ၊ ရှင်ယဲ့၏ ခန္ဓာကိုယ်နံဘေးနားသို့ ထိတွေ့နိုင်အောင် တတ်နိုင်သလောက် ကြိုးစားနေလေ၏။

ရှင်ယဲ့လည်း သူ၏ အပြုအမူများကို သတိထားမိတာကြောင့် မှန်ကို ကောက်ယူလိုက်ပေးလိုက်လေသည်။ ထိုအခါမှ မှန််လေးမှာ ပို၍ သက်တောင့်သက်သာ ရှိသွားရသည်။

ဝမ်းနည်းနေသည့် မှန်မှာ အချော့ခံချင်နေလေ၏။ ဒီလို စိတ်ဆတ်တတ်ပုံလေးကလည်း အလွန် ချစ်ဖို့ကောင်းလှသည်။

ရှင်ယဲ့ ပထမဦးဆုံးအကြိမ်အဖြစ် မှန်၏ အသွင်သဏ္ဌာန်ကို သိလိုစိတ်ပြင်းပြနေမိသည်။ System ကတောင် သတိထားမိရလောက်တဲ့ ပြိုင်ဘက်ကင်းအလှတရားက ဘယ်လိုများပါလိမ့်?

သို့သော်လည်း သူ မမေးရဲခဲ့ချေ။ သူ သိနိုင်သည့် အကြောင်းအရာ ဟုတ်မနေပါက၊ မှန်လေးကို System မှ ခေါ်ဆောင်သွားမှာကို စိုးရိမ်သောကြောင့်ပင်။

"ဒီနေ့ လင်ကျင့်ရွှယ်ကို ကျွတ်အောင်လုပ်ပေးနေတဲ့အချိန်၊ System က ငါ့ကို အရန် mission ကို အောင်မြင်တဲ့အတွက် ပွိုင့် ၅၀၀၀ရတယ်လို့ အချက်ပေးလာတယ်။ ပြီးတော့ အရမ်းထူးခြားတဲ့ 'ဝိညာဉ်တေးသွား' QR code တစ်ခုလည်းပါတယ်။ အဲ့တာ တော်တော်ရှားတဲ့ အချိန်ဆိုင်း QR code။ တခြားအချိန်ဆိုင်း QR code တွေနဲ့လည်း တွဲပြီး သုံးလို့ရတယ်။ ဒီနေ့ ပိုင်ရွှိနဲ့ လျှိုမုချင်းနဲ့ကော ရင်ဆိုင်နေရတဲ့အချိန်၊ ငါ့ မူလစွမ်းရည် ပြန်လည်ရေးဆွဲနိုင်တဲ့ ဘောပင်ကို သုံးပြီး ဝိညာဉ်တေးသွားကို ကူးဆွဲခဲ့တယ်။ အဲ့တာ မူလ QR codeရဲ့ စွမ်းအား တစ်ဝက်ကို ထုတ်ပေးနိုင်တယ်လေ"

ရှင်ယဲ့က နည်းလမ်းကျကျပင် ဆိုလိုက်သည်။ မေးခွန်းမမေးနိုင်လျှင်၊ သူ မှန်ကို ပြောလာအောင် လမ်းကြောင်းပေးလိုက်မှာဖြစ်သည်။ အကယ်၍ မှန််လေးက ထုတ်မပြောနိုင်ခဲ့လျှင်၊ ထိုအရာက သူမသိနိုင်သည့် အချက်အလက်ဖြစ်ကြောင်း ဆိုလိုနေခြင်းပင်။

ပြန်လည်ရေးဆွဲနိုင်သည့် ဘောပင်အကြောင်း အသေးစိတ် ရှင်းပြပြီးသည့်နောက်၊ မှန်လေးမှာ တအံ့တဩဆိုလာလေ၏:

High Energy QR Code [ Myanmar translation ]Where stories live. Discover now