Zawgyi
ကျန်းမော့ရှန်းက မျက်တောင်တစ်ချက်မခတ်ပဲ သူတို့နှစ်ယောက်ကို ဆွဲခွာလိုက်တယ်။
နှုတ်ဆက်တာကတော့ နှုတ်ဆက်ပေါ့။ လက်တွေကိုတွဲပြီး နှုတ်ဆက်ဖို့တော့ မလိုအပ်ပါဘူး။ ကျန်းမော့ရှန်းကိုယ်တိုင်တောင်မှ သစ်အယ်သီးလေးရဲ့လက်တွေကို မကိုင်ဖူးသေးဘူး။ အပြင်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုမျိုးလုပ်နိုင်ရတာလဲ?
နှလုံးသားထဲတွင် အနည်းငယ်ချဉ်နေလျက် သူရှန်ချန်ကို ပိုပြီးကြည့်လိုက်လေလေ မျက်စိစပါးမွေးစူးစရာ ပိုပြီးဖြစ်လာလေလေ ဖြစ်ပြီးတော့ သူအခုချက်ချင်းပျောက်ကွယ်သွားဖို့ကို ဆုတောင်းနေမိတယ်။
သူ့စိတ်ကို ပွင့်ပွင့်လင်းလင်းတစ်ခါမှ မဖော်ပြဖူးတဲ့ ယောက်ျားတစ်ယောက်အနေနဲ့ သူ့အတွေးတွေအားလုံးကို သူ့မျက်လုံးတွေထဲမှာ ရေးထားတယ်ဆိုတာကို ကျန်းမော့ရှန်းတောင်မှ သတိမပြုမိတာဖြစ်နိုင်တယ်။
မျက်နှာထားက အမူအရာကင်းမဲ့နေသော်ငြားလည်းပဲ သူ့ရဲ့မျက်လုံးတွေက သူ့ကိုသစ္စာဖောက်နေကြတယ်။
ရှန်ချန်အတွက်တော့ သူ့ရဲ့သူငယ်ချင်းကောင်းကြီးက ဒီလိုမျိုးထိန်းချုပ်မှုကင်းမဲ့သွားတာကို မြင်ရတာ ကြုံတောင့်ကြုံခဲပဲဖြစ်တယ်။ ဒီလိုမျိုးပျော်စရာကိစ္စကို သူလုံးဝလက်လွှတ်ခံမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် သူ့စိတ်ကိုသူ ချက်ချင်းပြောင်းလိုက်ပြီးတော့ ညစာစားဖို့အတွက် ဒီမှာနေဖို့ ဆုံးဖြတ်ချက်ချလိုက်တော့တယ်။
"အန်တီရှောင် ကျွန်တော်ကြားတာတော့ အန်တီတို့အိမ်ကစားဖိုမှူးက အရမ်းအချက်အပြုတ်ကောင်းတယ်ဆို။ ကျွန်တော်ဒီနေ့ ဒါကိုမြည်းကြည့်ခွင့်ရှိမလား?" ရှန်ချန်ကရှောင်မုလန်ရဲ့အရှေ့မှာ အလိုလိုက်ခံထားရတဲ့ ကလေးတစ်ယောက်လိုမျိုး ပြုမူလိုက်တယ်။
ကျန်းမော့ရှန်းပြန်လည်သက်သာလာပြီမို့လို့ ပျော်ရွှင်နေတဲ့ ရှောင်မုလန်တစ်ယောက်ကတော့ သူ့ကိုမငြင်းဆန်ပါဘူး။ အဲ့ဒါကြောင့် သူမပြောလိုက်တယ်။ "အန်တီတို့ရဲ့စားဖိုမှူးတွေက တကယ်ကို အချက်အပြုတ်တော်ကြတယ်။ အထူးသဖြင့် သစ်အယ်သီးလေး သူတို့ကိုသင်ကြားပေးပြီးတဲ့နောက်မှာပေါ့။ သားဒီနေ့တကယ်ကို ကံကောင်းတယ်။"
YOU ARE READING
TYGW's Mr.Lucky (BL) [Myanmar Translation] Book-2
RomanceThis novel's not mine. I love to read this novel. So I translate for fun. Please support original author and english translator. Title : The Young General's Wife Is Mr.Lucky Author : Demon Fox With Fiery Tail Status : 528 chapters (completed) St...