Chapter(88):အခန်းဖော် အသစ်များနဲ့ တွေ့ဆုံခြင်း-2

1.3K 247 8
                                    

Zawgyi

Chapter(88):အခန်းဖော် အသစ်များနဲ့ တွေ့ဆုံခြင်း-2

အားရှန်းကလည်း စကားပြောနည်းပေမဲ့ လူက အရမ်း သဘောကောင်းတယ်။ အခန်းဖော်နှစ်ယောက်မှာ ကုသိုလ်နဲ့ ရွှေရောင်အလင်းတန်းလို အရာမျိုးတွေ မရှိသော်ငြားလည်းပဲ သူတို့တွေက ပါးလွှာတဲ့ အနီရောင်မြူခိုးငွေ့ တစ်လွှာကို သယ်ဆောင်ထားကြတာမို့ သူတို့တွေက အရမ်း ကောင်းချီးပေးခံနေရတယ် ဆိုတာကို ဖော်ပြနေပြီးတော့ ကောင်းချီးပေးခံထားရတဲ့ လူတွေက ပုံမှန်အားဖြင့် ဆိုးရွားတဲ့လူတွေ မဟုတ်ကြပါဘူး။

သို့သော်လည်း လျိုယွမ်စုရဲ့ခန္ဓာကိုယ်ပေါ်မှာ အနီရောင်မြူခိုးငွေ့ထဲတွင် အနက်ရောင် အနည်းငယ် ရောနှောနေတယ်။ ယွီဂျင်လီက သေသေချာချာ ကြည့်ချင်မိပေမဲ့ အဲ့ဒါက ပျောက်ကွယ်သွားတယ် ဆိုတာကို တွေ့လိုက်ရတယ်။ ဒါကို သူမှားယွင်းမြင်မိသလား ဆိုတာ မသေချာပေမဲ့ ဆက်ရှိနေသေးတယ်လို့ သူတွေးထင်မိတယ်။

သူ့မျက်ခုံးတွေကို အနည်းငယ် တွန့်လိုက်မိတယ်။ အနက်ရောင် မြူခိုးငွေ့ဆိုတာက သာမန်လူတစ်ယောက်ပေါ်မှာ ပေါ်လာတတ်တာ ဖြစ်တယ်။ တစ်ဖက်လူက သူတို့ရဲ့အကျင့်စာရိတ္တ ဒါမှမဟုတ် သူတို့ရဲ့အပြုအမူပေါ်မှာ ပြဿနာတစ်ခုခု ရှိနေတာပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင် မဝေးတော့တဲ့ အနာဂတ်ကာလမှာ မကောင်းတာတစ်ခုခု ဖြစ်ပျက်တော့မှာပဲဖြစ်ဖြစ် အဲ့အချိန်တွေမှာဆိုရင် ပေါ်လာတတ်ကြတယ်။ ယွီဂျင်လီက ဒီအကြောင်းနဲ့ပတ်သက်ပြီး စိတ်ပူနေမိပြီးတော့ လျိုယွမ်စုကို သတိပေးလိုက်ချင်မိပေမဲ့လည်း အဆုံးမှာတော့ တစ်ကြိမ်တစ်ခါသာ တွေ့ဆုံဖူးရုံနဲ့ အရမ်း မရင်းနှီးကြသေးတာမို့ ဒီသတိပေးချက်က အတန်ငယ် ရုတ်ခြည်းဆန်လွန်းနေတယ်။ အချိန်တစ်ခဏလောက်တော့ ဘာလုပ်ရမလဲဆိုတာကို ယွီဂျင်လီတစ်ယောက် မသိတော့ပါဘူး?

"ရှောင်လီဇီ မင်းဘာလို့ ရုတ်တရက် မျက်မှောင်ကြုပ်သွားတာလဲ?" လျိုရှင်းယဲ့က မေးလိုက်တယ်။ "ဘာမှမဟုတ်ပါဘူး။ အဆင်ပြေပါတယ်။" ယွီဂျင်လီက အပြုံးလေးနဲ့ ပြောလိုက်တယ်။

ထားလိုက်ပါတော့။ ဒီအချိန်အတောအတွင်းမှာ သေချာအနီးကပ် သတိထားကြည့်ရမယ်။ ငါ့ဘာသာငါ အမြင်မှားမိတာလည်း ဖြစ်နိုင်တာပဲလေ။ လျိုယွမ်စုကိုယ်ပေါ်က အနက်ရောင် မြူခိုးငွေ့တွေ အကြောင်းကို ​နောက်ထပ် ဆက်မတွေးတောတော့တဲ့အခါ ယွီဂျင်လီရဲ့စိတ်အခြေအနေက တစ်ဖန် ပြန်လည်ကောင်းမွန်လာပြီးတော့ ကန်တင်းက အစားအစာတွေအပေါ် သူမျှော်လင့်စောင့်စားနေမိတော့တယ်။ ဒီနေရာက အစားအစာတွေကို ကြည့်ဖို့အတွက် ကန်တင်းဆီကို တယ်လီပို့နည်းနဲ့ သွားဖို့ကိုတောင် မစောင့်နိုင်တော့ပါဘူး။ ဘယ်လိုမျိုး ဖြစ်မလဲ မသိဘူး။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now