Chapter(83):ဝင်ခွင့်စာမေးပွဲ(II)-2 ဝင်ခွင့်စာမေးပွဲ(II)-2

2.3K 494 15
                                    

Zawgyi


ဒီကိစ္စရဲ့အရေးပါမှုကြောင့် ကျန်းမော့ရှန်းက ယွီဂျင်လီရဲ့စိတ်စွမ်းအားက အချိန်တိုလေးအတွင်းမှာ တိုးတက်လာခဲ့တယ်ဆိုတဲ့ အကြောင်းရင်းမှန်ကို ထုတ်ဖော်ပြောပြဖို့ မရည်ရွယ်ထားခဲ့တာဖြစ်တယ်။ အနာဂတ်မှာ နောက်ဆုံးပေါ်ထွက်လာမဲ့အချိန် ရောက်လာခဲ့ရင်တော့ သူဒီကိစ္စကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ အကြောင်းကို အဲ့အချိန်မတိုင်ခင်မှာ အဖြေရှာလိုက်ရုံပဲပေါ့။

"မကြိုးစားရသေးပဲ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ?" ကျန်းမော့ရှန်းက အေးစက်စွာ ပြောလိုက်တယ်။ သူ့မျက်လုံးအကြည့်တွေက ယွီဂျင်လီကလွဲပြီး ဆရာမတွေအပါအဝင် အခုလက်ရှိ ရှိနေကြတဲ့လူတွေအားလုံးကို ထိုးဖောက်သွားပြီးတော့ သူတို့တွေရဲ့ခန္ဓာကိုယ်ကို ဓားထက်ထက်တစ်ချောင်းနဲ့ လှီးဖြတ်ခံနေရသလိုမျိုး ခံစားသွားမိစေခဲ့တယ်။

"အချက်နှစ်ချက်ထဲက တစ်ချက်နဲ့ ကိုက်ညီနေရုံမျှနဲ့ လုံလောက်နေပြီဆိုတော့ ရှောင်ယွီအတွက် စွမ်းအင်ကတ်ဖန်တီးမှုစာမေးပွဲကို သွားပြီး ပြင်ဆင်ပေးလိုက်ကြတော့လေ။" တကယ်လို့ သူဒီထက်ပိုပြီး အချိန်ဖြုန်းနေခဲ့မယ်ဆိုရင် သူကျန်းမော့ရှန်းကြောင့် အေးခဲသေဆုံးသွားမှာကို ကြောက်ရွံ့မိတာကြောင့် ကျောင်းအုပ်ကြီး ရှောင်ကော်ထိုက်က အလျင်အမြန် ပြောလိုက်တယ်။

အဆုံးသတ်မှာတော့ သူက ဒီ 'နက်ရှိုင်းတဲ့အေးခဲမှု' ကို တောင့်ခံထားနိုင်ဖို့ အရမ်းကို အသက်ကြီးလွန်းနေပြီလေ။

ကျောင်းအုပ်ကြီးကလည်း ပြောနေပြီဆိုမှတော့ လီရီရီတစ်ယောက် မကျေနပ်သော်ငြားလည်းပဲ သူမစကားတစ်လုံးကိုမှ မပြောရဲတော့ပါဘူး။ အဲ့အစား စာမေးပွဲအတွက် ဗလာစွမ်းအင်ကတ်တွေကို သူမသွားပြင်ဆင်လိုက်ပြီးတော့ နောက်ကျရင် ယွီဂျင်လီတစ်ယောက် သူ့ဘာသာသူ အရူးတစ်ယောက်လိုမျိုးဖြစ်အောင် ဘယ်လိုမျိုး ပြုလုပ်မိလိမ့်မလဲဆိုတဲ့ အကြောင်းကို တွေးတောနေရင်း သူမရဲ့နှလုံးသားထဲမှာ ဖျက်လိုဖျက်ဆီးအတွေးတွေနဲ့ ပြည့်နှက်နေတယ်။

စိတ်စွမ်းအား D အဆင့်သာရှိတဲ့ လူတစ်ယောက်က ပထမစစ်တပ်အကယ်ဒမီဆီ ဝင်ရောက်နိုင်ဖို့အရေး ဝင်ခွင့်စာမေးပွဲကိုဖြေဖို့ စဉ်းစားရဲသေးတယ်ပေါ့လေ။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now