Chapter(75):စိတ်ခွန်အားကို စစ်ဆေးခြင်း-1

2.7K 593 0
                                    

Zawgyi

ကျန်းမော့ရှန်းရဲ့ဆင်ခြေကို ကျန်းဇန်ထောင်ရော ရှောင်မုလန်ရော တစ်ယောက်ကမှ ဘာစောဒကတက်စရာ အကြောင်းမှ မရှိကြပါဘူး။ သူတို့တွေက ရိုးရိုးရှင်းရှင်းကို ယွီဂျင်လီရဲ့စွမ်းအားနှိုးထမှုအပေါ် ပျော်ရွှင်ပြီး ဂုဏ်ယူနေကြတယ်။

"အခုချိန်မှာ ပထမစစ်တပ်အကယ်ဒမီရဲ့ ဝင်ခွင့်စာမေးပွဲတွေက ပြီးဆုံးသွားပြီဆိုပေမဲ့ ကိုယ်ကျောင်းအုပ်ကြီးကို ကိုယ်တို့အတွက် နေရာတစ်နေရာများ အပိုပေးနိုင်မလားလို့ သွားပြီး မေးပေးမယ်။ ဒါပေမဲ့ တကယ်လို့ သားကတ်လက်မှုအတတ်ပညာမေဂျာကို ဝင်ချင်တယ်ဆိုရင်တော့ အကဲဖြတ်မှုတွေကို ရှောင်ရှားလို့မရဘူး။ အဲ့ဒါက အရမ်းတင်းကျပ်တယ်။ အဲ့ဒါကြောင့် သားစိတ်ထဲမှာ အသင့်ဖြစ်နေအောင် ကြိုတင်ပြင်ဆင်ထားရမယ်။" ကျန်းဇန်ထောင်က အလွန်လေးလေးနက်နက် သတိပေးလိုက်တယ်။

"ဟုတ်ကဲ့။ အဖေ ကျွန်တော်ကြိုးစားပါ့မယ်။" ယွီဂျင်လီကချက်ချင်း အလေးအနက်ဖြစ်လာပြီးတော့ ပြန်ဖြေလိုက်တယ်။

. . .

ပထမစစ်တပ်အကယ်ဒမီမှာ ကတ်လက်မှုအတတ်ပညာမေဂျာရပ်ကို လျှောက်ထားဖို့ ဆုံးဖြတ်ချက်ချပြီးကတည်းက ယွီဂျင်လီတစ်ယောက် နေ့တိုင်း ပိုပြီးလုံ့လဝီရိယရှိရှိနဲ့ လေ့ကျင့်နေတော့တယ်။

တကယ်လို့ အခုချိန်မှာ ယွီဂျင်လီရဲ့ဆရာသာ ဒီနေရာမှာရှိနေမယ်ဆိုရင် ကြာရွက်တွေအောက်မှာ အမြဲတမ်း ပုန်းနေရတာကို ကြိုက်ပြီး အမြဲတမ်း ပျင်းရိနေတတ်တဲ့ koi လေးမှာလည်း ဒီလိုမျိုးနေ့တစ်နေ့ ရှိလာသေးတာပဲဆိုပြီး သူသေချာပေါက်ကို အရမ်းအံ့အားသင့်သွားလိမ့်မှာ ဖြစ်တယ်။

ကတ်လက်မှုအတတ်ပညာမေဂျာက စိတ်စွမ်းအားအဆင့် အကဲဖြတ်မှုတစ်ခု လိုအပ်ပေမဲ့ ယွီဂျင်လီကတော့ သူအသက်ငါးနှစ်မှာနှိုးထဖို့ ကျရှုံးပြီးကတည်းက မစစ်ဆေးရသေးဘူး ဖြစ်တယ်။ ဒီတစ်ကြိမ်မှာ ပထမစစ်တပ်အကယ်ဒီမီထဲကို ဝင်ခွင့်ရဖို့အတွက် စိတ်စွမ်းအားတိုင်းတာခြင်းတွေက သေချာပေါက်ကို အကဲဖြတ်မှုကိစ္စရပ်တွေမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေတာဖြစ်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now