Chapter(78):စွမ်းအင် မရှိဘူး။-2 စွမ်းအင် မရှိဘူး။-2

2.6K 571 8
                                    

Zawgyi

သစ်အယ်သီးလေးက သာမန်လူတွေနဲ့မတူ ကွဲပြားခြားနားတယ်။ အခုလက်ရှိမှာ ယွီဂျင်လီရဲ့စိတ်စွမ်းအားက စမ်းသပ်ချက်အရ
D-level ဖြစ်နေပေမဲ့လည်း ကတ်လက်မှုပညာသည်တစ်ယောက် ဖြစ်လာဖို့အတွက် လျှောက်ရမဲ့လမ်းပေါ်မှာ သူက သေချာပေါက်ကို D-level မှာပဲ ရပ်တန့်နေမှာ မဟုတ်ပါဘူး။ ဟုတ်တယ်။ ကျန်းမော့ရှန်းက အရမ်းခိုင်ခိုင်မာမာကို ယုံကြည်တယ်။

အားရှန်းရဲ့ယုံကြည်မှုကို ကြားလိုက်ရတော့ ယွီဂျင်လီတစ်ယောက် အရမ်းပျော်ရွှင်သွားပြီးတော့ ပြောလိုက်တယ်။ "အနာဂတ်မှာ ကျွန်တော်ပြုလုပ်ထားတဲ့ စွမ်းအင်ကတ်တွေအားလုံးကို အားရှန်းကို ပေးမယ်။"

"ကောင်းတာပေါ့။"

ကောင်ငယ်လေးကို အမှီလိုက်နိုင်ဖို့နဲ့ အနာဂတ်မှာ ကောင်ငယ်လေးပြုလုပ်ထားတဲ့ စွမ်းအင်ကတ်တွေကို အသုံးပြုနိုင်ဖို့အတွက် ကျန်းမော့ရှန်းလည်း ပြန်လည်ကောင်းမွန်လာဖို့အတွက် ကျင့်ကြံခြင်းမှာ ပိုပြီးကြိုးကြိုးစားစား ကျင့်ကြံမှဖြစ်တော့မယ်။ သူကောင်ငယ်လေးရဲ့အနောက်မှာ ကျကျန်နေခဲ့လို့ မဖြစ်ဘူး။

နောက်တစ်နေ့ မနက်ခင်းစောစောတွင် ကျန်းမော့ရှန်းတစ်ယောက် ယွီဂျင်လီကို ဆရာခါမွန်ရဲ့နေအိမ်ဆီကို နေ့သစ်သင်ခန်းစာအတွက် လူကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးလိုက်တယ်။

မနေ့ညတုန်းက စွမ်းအင်ထုတ်လုပ်မှု ကျရှုံးပြီးတဲ့နောက်မှာ ယွီဂျင်လီတစ်ယောက် အတော်လေး တည်ငြိမ်သွားခဲ့ပြီဖြစ်တယ်။ သူဗလာစွမ်းအင်ကတ်တွေနဲ့ တီထွင်ဖန်တီးဖို့ ဆက်မကြိုးစားတော့ပဲ အဲ့အစား [အဆင့် (၁) ထူးခြားသော အပင်ပေါင်းစုံ စွယ်စုံကျမ်း] က သူ့အတွက် ပိုပြီးအသုံးဝင်ပုံရတာကြောင့် အဲ့ဒါကို အလုံးစုံရအောင် ကျက်မှတ်မှုအပေါ်မှာပဲ သူ့ကိုယ်သူ မြှုပ်နှံထားလိုက်တော့တယ်။

သူဆရာခါမွန်နေအိမ်ကို ရောက်သွားတဲ့အချိန်မှာ ပိုင်ရှင်က အခုလက်ရှိအချိန်မှာ မနက်စာစားနေသော်ငြားလည်းပဲ သူ့မျက်နှာပေါ်မှာ မျက်မှောင်ကြုတ်မှုတစ်ခုရှိနေတာမို့ ကြည့်ရတာ အစားအသောက်နဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေပုံ ပေါ်နေတယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now