Chapter(84):နောက်ဆုံးမှာတော့ ဝင်ခွင့်ရခဲ့ပြီ။-1

2.4K 509 16
                                    

Zawgyi

သို့ရာတွင် ယွီဂျင်လီတစ်ယောက် နှေးကွေးထားတာတောင်မှ သူ့ရဲ့အသည်းနှလုံးပုံသဏ္ဍာန်မြက်ပင်အပေါ် ရင်းနှီးကျွမ်းဝင်နေမှုနဲ့ သူ့ရဲ့ဖန်တီးမှုဖြစ်စဉ်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်နေမှုက ဖန်တီးချိန်ကို မိနစ်နှစ်ဆယ်အထိသာ ဆွဲဆန့်နိုင်ခဲ့တယ်။ အဲ့ကြာချိန်က ပုံမှန်ကြာချိန်ထက် နှစ်ဆနီးပါးရှိနေပြီဖြစ်တယ်။

ယွီဂျင်လီတစ်ယောက် ဒီရလဒ်ကို အတော်လေး စိတ်ကျေနပ်နေမိတယ်။

သူက အားရှန်းရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိသွားပြီလို့ ခံစားမိလိုက်သော်ငြားလည်းပဲ သူ့ရဲ့ 'နှေးကွေးထားတဲ့အရှိန်' က လူတွေကို အံ့အားသင့်စေဖို့ လုံလောက်နေဆဲဖြစ်နေတယ် ဆိုတာကိုတော့ သူနားမလည်လိုက်ပေ။

". . . သူပြီးသွားပြီလား?" ရှုလင်းတစ်ယောက် ယွီဂျင်လီလက်ထဲက အလင်းရောင်ဖြာထွက်တောက်ပနေတဲ့ စွမ်းအင်ကတ်ကို လုံးဝမယုံကြည်နိုင်မှုအပြည့်နဲ့ ကြည့်လိုက်မိတယ်။

"မဖြစ်နိုင်တာ!" လီရီရီရဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီးတော့ မျက်နှာပြင်ကို စိုက်ကြည့်နေမိရင်း ဒီဖြစ်ရပ်ကို ယုံကြည်လိုက်ဖို့ကို မလိုလားဖြစ်နေမိတယ်။

ရွမ်မင်ကျီးတစ်ယောက် အပြင်ပန်းအမူအရာမှာ တည်ငြိမ်လျက် ရှိနေသော်ငြားလည်းပဲ သူမရဲ့မျက်လုံးတွေက သူမကို သစ္စာဖောက်နေပြီးတော့ စိတ်လှုပ်ရှားမှုအရိပ်အယောင် တစ်စွန်းတစ်စနဲ့အတူ တောက်ပလျက်ရှိတယ်။

ပြီးပြည့်စုံတဲ့ စွမ်းအင်ကတ်တစ်ခုကို အမှန်တကယ် ဖန်တီးနိုင်တဲ့လူက အများကြီးမရှိပါဘူး။ အခုမှ အသက်ပြည့်ကာစ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်လေးဆိုရင်တော့ ပြောမနေပါနဲ့တော့။ ဒါ့အပြင် သူ့ရဲ့ပထမဦးဆုံးအကြိမ် ကြိုးစားမှုမှာတင် သူမတူထူးခြားတဲ့အမြန်နှုန်းနဲ့ သာမန်ထက်ထူးကဲကောင်းမွန်တဲ့ အောင်မြင်မှုက ကတ်လက်မှုပညာသည်တစ်ယောက်အနေနဲ့ သူ့ရဲ့အလားအလာနဲ့ စွမ်းဆောင်ရည်တွေကို ဖော်ပြပေးနေတဲ့ ခိုင်မာတဲ့ အထောက်အထားတစ်ခု ဖြစ်နေပြီဖြစ်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now