Chapter(74):စိတ်ရှုပ်ထွေးနေကြတဲ့ လူသုံးယောက်-1

2.8K 661 10
                                    

Zawgyi


"ဒါပေမဲ့ ခင်ဗျားရဲ့အခန်းက ကျွန်တော့်ကြောင့် ပျက်စီးသွားပြီလေ။" အခန်းရဲ့ကြမ်းပြင်ပေါ်က အကျိုးအပဲ့တွေနဲ့ စိုးရိမ်နေတဲ့မျက်နှာနဲ့ ထူးဆန်းတဲ့သားရဲကောင်ကြီးကို ကြည့်လိုက်ရင်း ယွီဂျင်လီခမျာ ပျာယာခတ်သွားတော့တယ်။

"အဆင်ပြေပါတယ်။ နောက်ကျရင် ပြန်သန့်ရှင်းလိုက်ကြလိမ့်မယ်။ မင်းစွမ်းအင်ကတ်ကို ဘယ်လိုမျိုး အသက်သွင်းလိုက်တာလဲဆိုတာကို ကိုယ့်ကို ပြောပြနိုင်မလား? 'စိတ်အာရုံအသိညဏ်' ဆိုတာက ဘာလဲ?" ယွီဂျင်လီကို နှစ်သိမ့်ပေးလိုက်ပြီးတဲ့နောက်မှာ ကျန်းမော့ရှန်းက မေးလိုက်တယ်။

ကျန်းမော့ရှန်းအတွက်ကတော့ 'စိတ်အာရုံအသိညဏ်' ဆိုတဲ့စကားလုံးက မရင်းနှီးတဲ့စကားစုဖြစ်တယ်။ ဒါပေမဲ့ ယွီဂျင်လီမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးနဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်တော့ သူ့ကိုဘယ်အရာကမှ နောက်ထပ် အံ့အားသင့်စရာတွေ မပေးနိုင်တော့ပါဘူး။ အဆုံးမှာတော့ သူကဒီလိုမျိုး အံ့အားသင့်ဖွယ်ကောင်းတဲ့ ကျင့်ကြံရေးနည်းပညာတစ်ခုကို သင်ယူလေ့လာခဲ့ပြီးပြီလေ။ ဒီထက်ပိုပြီး ဘယ်အရာကများ အံ့အားသင့်စရာ ကောင်းနေအုံးမှာမို့လို့လဲ?

ယွီဂျင်လီရဲ့အမူအရာတွေကလည်း ဖြည်းဖြည်းချင်း တည်ငြိမ်လာပြီးနောက် သူကျန်းမော့ရှန်းကို သူ့ရဲ့စိတ်အာရုံအသိညဏ်ကို ဘယ်လိုမျိုး အသုံးပြုရမလဲဆိုတာကို ပြောပြလိုက်တယ်။

ကျင့်ကြံသူအများစုမှာ စိတ်အာရုံအသိညဏ်တွေ ရှိကြတယ်။ ဒါပေမဲ့ ကိုယ်ပိုင် စိတ်အာရုံအသိညဏ်တစ်ခုချင်းစီက အားပြင်းမှု၊ အားနည်းမှုတွေနဲ့ ကွဲပြားကြတယ်။

အခုလက်ရှိ ယွီဂျင်လီက အခြားတစ်စုံတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို သုံးစွဲနေခဲ့ရသော်ငြားလည်းပဲ သူ့ရဲ့ဝိညဉ်ကတော့ သူ့အပိုင်ဖြစ်နေတုန်းပဲ ဖြစ်တယ်။ ပြီးတော့ သူ့ရဲ့စိတ်အာရုံအသိညဏ်ကလည်း ရှိနေသေးတယ်လေ။ ဒါ့အပြင် သူ့ရဲ့ကျင့်ကြံရေးအခြေခံက ပျောက်ကွယ်သွားပြီ ဆိုသော်ငြားလည်းပဲ သူအချိန်အကြာကြီးကြာအောင် လေ့ကျင့်ထားခဲ့ရတဲ့ စိတ်အာရုံအသိညဏ်ကတော့ မပျောက်ကွယ်သွားပဲ သူ့ရဲ့အရင်ဘဝတုန်းကအတိုင်း တူညီတဲ့အဆင့်မှာ ရှိနေသေးတုန်းပဲဖြစ်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now