Chapter(83):ဝင်ခွင့်စာမေးပွဲ(II)-1 ဝင်ခွင့်စာမေးပွဲ(II)-1

2.3K 484 15
                                    

Zawgyi



ရှုလင်းတစ်ယောက် သူမရဲ့မျက်လုံးတွေထဲမှာ မယုံကြည်နိုင်ခြင်းတွေနဲ့အတူ ရလဒ်တွေကို ကြည့်လိုက်မိတယ်။ ရလဒ်ကို အကြိမ်ပေါင်းများစွာ အတည်ပြုပြီးတဲ့နောက်မှာ ကတ်လက်မှုအတတ်ပညာဌာနရဲ့ ဌာနမှူးဆီကို တည်ကြည်ငြိမ်သက်နေတဲ့ မျက်နှာအမူအရာနဲ့ သူမ လမ်းလျှောက်သွားလိုက်ပြီးတော့ ရလဒ်တွေကို ကမ်းပေးလိုက်တယ်။

"ဌာနမှူး ဒါက ကျောင်းသားယွီရဲ့ စမ်းသပ်စစ်ဆေးချက် ရလဒ်တွေပါ။" ရှုလင်းရဲ့မျက်ခုံးတွေက မျက်မှောင်ကြုပ်နေတယ်။

ရွမ်မင်ကျီးက ယွီဂျင်လီရဲ့စာမေးပွဲရလဒ်တွေကို ယူကြည့်လိုက်တော့ D+ အဆင့် စိတ်စွမ်းအားဆိုတဲ့ စာလုံးအကြီးကြီးကို တွေ့လိုက်ရတယ်။ သူမရဲ့တည်ငြိမ်နေတဲ့ မျက်နှာအမူအရာက နောက်ဆုံးမှာတော့ အက်ကွဲမှုသေးသေးလေးတစ်ခု ဖြစ်ပေါ်သွားရတယ်။

ဆရာကြီးခါမွန် ထောက်ခံချက်ပေးထားတဲ့ လူတစ်ယောက်မှာ ဘယ်လိုလုပ်ပြီး "D+" အဆင့် စိတ်စွမ်းအားမျှသာ ရှိရတာလဲဆိုတာကို သူမ နားမလည်နိုင်တော့ပါဘူး? ဒီအဆင့်ကို ပထမစစ်တပ်အကယ်ဒမီတစ်ခုလုံးမှာ အနိမ့်ဆုံးအဆင့်လို့ သတ်မှတ်လို့ရတယ်။

ပထမစစ်တပ်အကယ်ဒမီရဲ့ ဝင်ခွင့်လုပ်ငန်းစဉ်က အရမ်းတင်းကျပ်တယ်ဆိုတာကို နားလည်ထားရမှာဖြစ်တယ်။ အဲ့ဒါထက်ပိုပြီးတော့ကို အဓိက အသက်မွေးဝမ်းကျောင်းပညာရပ်နဲ့ ပြည်ထောင်စုရဲ့ အရေးအကြီးဆုံး စွမ်းရည်တစ်ခုဖြစ်တဲ့ ကတ်လက်မှုအတတ်ပညာမေဂျာရပ်က ဝင်ခွင့်သတ်မှတ်ချက်တွေ အလွန်အမင်းကို လိုအပ်တယ်။

ပုံမှန်အားဖြင့်ဆိုရင် ဝင်ခွင့်စာမေးပွဲဖြေဆိုတဲ့ ကျောင်းသားတစ်ယောက်က နာမည်စာရင်းသွင်းရန် အရည်အချင်းပြည့်မှီဖို့အတွက် အနည်းဆုံးအနေနဲ့ B အဆင့် စိတ်စွမ်းအား ဒါမှမဟုတ် အဲ့အဆင့်ရဲ့အထက်မှာ ရှိနေရမှာဖြစ်တယ်။ အနောက်ပေါက်ကနေလာတဲ့ ချမ်းသာတဲ့မိသားစုက ကလေးတွေအတွက်ဆိုရင်တောင်မှ ဝင်ခွင့်အတွက် အနည်းဆုံး C အဆင့် ဒါမှမဟုတ် အဲ့အဆင့်ရဲ့အထက်မှာရှိနေဖို့ လိုအပ်တာဖြစ်တယ်။

တခြားစကားလုံးနဲ့ ပြောရမယ်ဆိုရင် တကယ်လို့ ယွီဂျင်လီက ကတ်လက်မှုအတတ်ပညာကောလိပ်ကို ဝင်ခွင့်ရသွားခဲ့မယ်ဆိုရင် သူက တစ်ကျောင်းလုံးမှာ စိတ်စွမ်းအား D အဆင့်ရှိတဲ့ တစ်ဦးတည်းသောသူ ဖြစ်လာလိမ့်မှာဖြစ်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now