Chapter(81):အားရှန်းအတွက် အထူးသီးသန့်-1

2.5K 557 9
                                    

Zawgyi



စွမ်းအင်ကတ် ဆယ်ကတ်နီးပါးလောက်ကို တစ်ခုပြီးတစ်ခု ခွဲခြေပြီးတဲ့နောက်မှာ ယွီဂျင်လီတစ်ယောက် နောက်ဆုံးမှာတော့ စိတ်စွမ်းအားလမ်းညွှန်မှုအနှစ်ချုပ်ကို စတင်ဖမ်းဆုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်တယ်။ သူနောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ဖို့အတွက် ယုံကြည်ချက်ပိုရှိလာခဲ့ပြီ ဖြစ်တယ်။

ဒီတစ်ကြိမ်မှာတော့ သူသေချာပေါက်ကို အောင်မြင်စေရမယ်။

ယွီဂျင်လီက စိတ်စွမ်းအားကို စွမ်းအင်ကတ်အထဲကို ကျွမ်းကျွမ်းကျင်ကျင် ပို့လိုက်ပြီးတော့ အဲ့ဒါကို သူလိုချင်တဲ့လမ်းကြောင်းတွေအထဲကို လမ်းညွှန်ပေးလိုက်တယ်။ ဒီတစ်ကြိမ်မှာတော့ အရာအားလုံးက ချောချောမွေ့မွေ့ပါပဲ။

စုတ်ချက်တွေက တသတ်မတ်တည်း ဖြစ်နေပြီးတော့ စိတ်စွမ်းအားကလည်း တည်ငြိမ်နေကာ လမ်းညွှန်ပေးခြင်းခံရတဲ့ စွမ်းအင်တွေကလည်း ထူထဲတဲ့ ပြီးတော့ ပါးလွှာတဲ့ မျဉ်းလိုင်းတွေတစ်လျှောက် ချောချောမွေမွေ့ စီးဆင်းနေတယ်။ ဒီနှုန်းထားအတိုင်းဆိုရင် အဲ့ဒါက တည်ငြိမ်မှုရှိနေသရွေ့ စွမ်းအင်ကတ်ကို သေချာပေါက် အောင်အောင်မြင်မြင် ဖန်တီးနိုင်တော့မှာ ဖြစ်တယ်။

သို့သော်လည်း ဒီလိုမျိုး အရေးအကြီးဆုံး အချိန်အပိုင်းအခြားလေးတစ်ခုမှာ အခန်းတံခါးက အပြင်ဘက်ကနေ ကြမ်းကြမ်းတမ်းတမ်း တွန်းဖွင့်ခြင်း ခံလိုက်ရလိမ့်မယ်လို့ ဘယ်သူက တွေးထင်ထားမိမှာလဲ။

"ဒီနေရာမှာ စွမ်းအင်ကတ်တွေကို တိတ်တဆိတ် ပြုလုပ်ရအောင် မင်းကိုဘယ်သူက ခွင့်ပြုပေးထားလို့လဲ?" လျိုချီရဲ့ဒေါသထွက်နေတဲ့ အပေါက်ဆိုးဆိုးအသံက ပျံ့လွင့်လာပြီးတော့ ဂရုမပြုသတိမမူမိတဲ့ ယွီဂျင်လီကို အံ့သြထိတ်လန့်သွားစေခဲ့တယ်။ အောင်မြင်ခါနီးနေပြီဖြစ်တဲ့ စွမ်းအင်ကတ်က ရုတ်တရက် ထပ်မံပေါက်ကွဲထွက်သွားပြန်တယ်။

ယွီဂျင်လီရဲ့စွမ်းအင်ကတ် ပေါက်ကွဲထွက်သွားတာကို မြင်လိုက်တော့ ပျော်ရွှင်ဝမ်းမြောက်မှုနဲ့ အထင်အမြင်သေးမှု အရိပ်အယောင်က လျိုချီရဲ့မျက်လုံးတွေအထဲမှာ ဖြတ်ပြေးသွားတယ်။ ဒီကလေးက သူ့ရဲ့စိတ်စွမ်းအားကိုတောင် မထိန်းချုပ်နိုင်သေးပဲနဲ့ သူကစွမ်းအင်ကတ်တွေကို တိတ်တဆိတ် ပြုလုပ်ရဲသေးတယ်။ သူက အမှန်တကယ်ကို သတ္တိရှိလွန်းနေတာပဲဖြစ်ရမယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now