Chapter(64):မနာလို သဝန်တိုဖြစ်ခြင်း

3.8K 819 27
                                    

Zawgyi

ရှန်ချန်က သူကလေးဘဝကတည်းက ကျန်းမိသားစုအိမ်တွင် အချိန်အများစုမှာ မကြာခဏလာစားဖူးတာမို့ သူလုပ်ရိုးလုပ်စဉ်တွေနဲ့ စိတ်အနှောင့်အယှက်ပေးမနေတော့ပါဘူး။ လူတိုင်းသူတို့ရဲ့တူတွေကို စတင်ရွေ့လျားပြီးတဲ့နောက်မှာတော့ သူတုံ့ဆိုင်းမနေဘဲ သူမျက်စိကျနေတဲ့ဟင်းပွဲဆီကို ရွှေ့လိုက်တော့တယ်။ 

ရှန်မိသားစုရဲ့ သခင်ငယ်လေးတစ်ယောက်အနေနဲ့ သူလည်း သူ့ရဲ့ကိုယ်ပိုင်စားဖိုမှူး ချက်ပြုတ်ပေးတာပဲဖြစ်ဖြစ် စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် သဘာဝအစားအစာအမြောက်အမြားကို အရင်ကစားဖူးတယ်။ သူမျိုးရိုးစဉ်ဆက်စားဖိုမှူးမိသားစုက ကလေးတွေပြုလုပ်တဲ့ ဟင်းပွဲ​တွေကိုတောင် တစ်ကြိမ်နှစ်ကြိမ်စားဖူးသေးတယ်။

သို့သော်လည်း သူဒီတစ်ကြိမ် ကျန်းမိသားစုအိမ်မှာ စားဖူးတာလောက်တော့ တစ်ယောက်မှမကောင်းကြဘူး။ ဒါကကမ္ဘာပေါ်မှာ အရသာအရှိဆုံးပဲ။ မဟုတ်ဘူး။ ဒါက . . . ဒီဟင်းပွဲက ကောင်းကင်ဘုံပေါ်မှာသာ ရနိုင်တဲ့ဟာမျိုးပဲ။ ပြီးတော့ ကြုံတောင့်ကြုံခဲ ကမ္ဘာမြေပေါ်မှာပေါ်လာခဲ့တာပဲ။

"သစ်အယ်သီးလေး အန်တီရှောင်မင်းကို ဒီလိုမျိုးခေါ်နေတာငါကြားတယ်။ ငါလည်းမင်းကို အဲ့လိုမျိုးခေါ်လို့ရမလား?" ရှန်ချန်က ဘလင်းဘလင်းတောက်ပနေတဲ့ မျက်လုံးတွေနဲ့ ယွီဂျင်လီကိုကြည့်နေရင်း အပြုံးလေးနဲ့မေးလိုက်တယ်။

သူအရင်က ကျန်းမော့ရှန်းရဲ့ သတို့သားလောင်းလေးအပေါ်မှာ သိပ်အာရုံမစိုက်ခဲ့ပါဘူး။ သို့သော်လည်း ဒီအစားအစာကြောင့် သူ့ရဲ့အချက်အပြုတ်စွမ်းရည်ဆီကနေ သူလုံးဝကို လွှမ်းမိုးခံလိုက်ရပြီဖြစ်တယ်။

တကယ်လို့ သူဒီလိုမျိုးအရသာရှိတဲ့ အစားအသောက်တွေကို နေ့တိုင်းစားနိုင်မယ်ဆိုရင် သူယွီဂျင်လီကိုလည်း လက်ထပ်ဖို့ကိုလိုလားမိလိမ့်မှာပဲ။

သူဒီနေ့စားသောက်ခဲ့ရတာတွေနဲ့ နှိုင်းယှဉ်ရရင် သူအတိတ်မှာတုန်းက စားခဲ့ဖူးတဲ့ဟင်းပွဲတွေက ပြန်တွေးကြည့်လိုက်မယ်ဆိုရင် အမှိုက်သရိုက်တွေအတိုင်းပဲ!

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now