Chapter(78):စွမ်းအင် မရှိဘူး။-1 စွမ်းအင် မရှိဘူး။-1

2.6K 557 4
                                    

Zawgyi


စွမ်းအင်ဘုတ်ပြားရဲ့ နေရာလွတ်ထဲတွင်ရှိနေသော ပြီးပြည့်စုံတဲ့ အသည်းနှလုံးပုံသဏ္ဍာန်မြက်ပင်ကို "ကြည့်" နေရင်း ယွီဂျင်လီတစ်ယောက် အတော်လေး စိတ်ကျေနပ်အားရသွားမိတယ်။ သူနောက်ဆုံးမှာတော့ ဒါကို အောင်အောင်မြင်မြင်နဲ့ ​ရေးဆွဲနိုင်ခဲ့ပြီဖြစ်တယ်။

စွမ်းအင်ဘုတ်ပြားမှာ စွမ်းအင်မရှိတာမို့ အဲ့အထဲမှာ ရေးဆွဲထားတဲ့ အပင်ကလည်း အလိုအလျောက်ကိုပဲ "အသက်" မရှိပါဘူး။ ယွီဂျင်လီက အပင်ကို ဖျက်ပစ်လိုက်ပြီးတော့ ပြန်ဆွဲလိုက်တယ်။ ထပ်ခါတစ်လဲလဲ လေ့ကျင့်ပြီးတဲ့နောက်မှာ သူနောက်ဆုံးမှာတော့ ပိုပြီးပိုပြီး ကျွမ်းကျင်လာပြီးတော့ ဒီအပင်ပုံဆွဲရာတွင် ဆရာတစ်ဆူဖြစ်လာခဲ့ပြီ ဖြစ်တယ်။

အခုလက်ရှိတွင် ယွီဂျင်လီတစ်ယောက် အသည်းနှလုံးပုံသဏ္ဍာန်မြက်ပင်ကို သူ့မျက်လုံးတွေ မှိတ်ပြီးတော့တောင် ကျွမ်းကျွမ်းကျင်ကျင်နဲ့ ရေးဆွဲနိုင်နေပြီ ဖြစ်ပြီးတော့ သူအဲ့ဒါကို တကယ့်အစစ် ဗလာစွမ်းအင်ကတ်ပေါ်တွင် ရေးဆွဲကြည့်ဖို့ကို အနည်းငယ် စိတ်အားထက်သန်နေမိတယ်။

ယွီဂျင်လီက အနီးနားမှာ အထပ်လိုက်စီတင်ထားတဲ့ ဗလာစွမ်းအင်ကတ်တွေကို ကြည့်လိုက်ပြီးတော့ လှုပ်ရှားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တယ်။ သူ့ရဲ့လက်သေးသေးလေးကို အလျင်အမြန် ပြန်မရုတ်လိုက်မိသေးခင်မှာ ညင်ညင်သာသာလေး ဆန့်ထုတ်လိုက်မိသေးတယ်။

"မင်းအခုထိ တကယ့်အစစ် စွမ်းအင်ကတ်တွေနဲ့ ဆွဲလို့မရသေးဘူး။" ကျန်းမော့ရှန်းရဲ့သတိပေးသံက သူ့ရဲ့စိတ်ထဲမှာ ပဲ့တင်ထပ်နေပေမဲ့ ယွီဂျင်လီတစ်ယောက် အမှန်တကယ် အဲ့ဒါကိုတစ်ကြိမ်လောက် စမ်းဆွဲကြည့်နေတာ ဖြစ်တယ်။

အဆုံးမှာတော့ သူ့ရဲ့စိတ်ဆန္ဒပြင်းပြမှုက ရွှေရောင်ပေါင်လုံးကြီးရဲ့ ညွှန်ကြားချက်တွေကို ဆန့်ကျင်တိုက်ခိုက် အနိုင်ယူလိုက်တော့တယ်။ ယွီဂျင်လီတစ်ယောက် သူက လေ့ကျင့်ရေးဘုတ်ပြားပေါ်တွင် ရေးဆွဲခြင်းမှာ အရမ်းကျွမ်းကျင်နေနှင့်ပြီလို့ ခံစားလိုက်ရတယ်။ အဲ့ဒါကြောင့် တကယ့်အစစ်ကတ်တွေပေါ်တွင် ရေးဆွဲရာမှာလည်း သေချာပေါက်ကို ဘာပြဿနာမှ မရှိလောက်ပါဘူး။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now