Chapter(71):သွေးဆောင် ဖျားယောင်းနိုင်တဲ့ ပစ္စည်းအသစ်တစ်မျိုး-1

3.2K 678 1
                                    

Zawgyi

ဇန်ဖေချီတို့သုံးယောက်သားရဲ့ အချက်အပြုတ်စွမ်းရည်တွေက ယွီဂျင်လီလောက် မတော်သော်ငြားလည်းပဲ သူ့ရဲ့လမ်းညွှန်ပြသပေးမှုအောက်တွင် ပါဝင်ပစ္စည်းတွေကို ကိုင်တွယ်ရာမှာ သူတို့တွေက အရမ်းကျွမ်းကျွမ်းကျင်ကျင် ရှိနေကြတယ်။

သူ့ရဲ့လက်ထောက်ကောင်းသုံးယောက်ရဲ့ အကူအညီပေးမှုနဲ့အတူ ချက်ပြုတ်နှုန်းက အတော်လေးမြန်ဆန်သွားပြီးတော့ မကြာခင်မှာပဲ ဟင်းပွဲအများစုကို ချက်ပြုတ်ပြင်ဆင်ပြီးသွားတော့တယ်။ ရှဥ့်မက်ဒရင်းငါးက ရှုပ်ထွေးတဲ့ပြင်ဆင်မှုအဆင့်တွေရှိတဲ့ ကျန်းစုစီရင်စုရဲ့ နာမည်ကြီးဒေသထွက် အထူးဟင်းပွဲတစ်မျိုးဖြစ်တယ်။ အဲ့ဒါကြောင့် ယွီဂျင်လီက အဲ့ဒါကို နောက်ဆုံးမှချက်ပြုတ်ဖို့ ချန်ထားလိုက်တယ်။

ဒီအချိန်မှာပဲ ဇန်ဖေချီတို့သုံးယောက်သား တာဝန်ယူထားကြတဲ့ဟင်းပွဲတွေက ပြီးလုနီးပါးဖြစ်နေပြီဖြစ်တယ်။ အဲ့ဒါကြောင့် သူတို့တွေက ယွီဂျင်လီတစ်ယောက် ငါးဟင်းပွဲအသစ်ကို ဘယ်လိုမျိုး ချက်ပြုတ်သလဲဆိုတာကို ကြည့်ဖို့ ယွီဂျင်လီအနားမှာ စုရုံးလိုက်ကြတယ်။

ရှဥ့်မက်ဒရင်းငါးဆိုတဲ့နာမည်ကို ပထမဆုံး ကြားလိုက်ရတဲ့အချိန်တုန်းက ဇန်ဖေချီနဲ့တခြားလူတွေက စိတ်လှုပ်ရှားသွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုလိုချင်တာက သူတို့တွေ နောက်ထပ် ဟင်းပွဲအသစ်တစ်မျိုးကို ထပ်သင်ရတော့မယ်ဆိုတဲ့သဘောမျိုး သက်ရောက်နေလို့ပေါ့။

"မိန်းမပျိုငယ်လေး ဘာပါဝင်ပစ္စည်းတွေကို ပြင်ဆင်ထားဖို့လိုအပ်သလဲ?" ဇန်ဖေချီက မေးလိုက်တယ်။

"မက်ဒရင်းငါးရယ် ကော်မှုန့်ရယ် ခရမ်းချဉ်သီးဆော့စ်ရယ် ရေသန့်ရယ် သကြား၊ အီတာလျံရှာလကာရည်၊ ဝိုင်၊ ဆား၊ ပြီးတော့ နုပ်နုပ်စဉ်းထားတဲ့ကြက်သွန်ဖြူရယ် . . ." ယွီဂျင်လီက ပါဝင်ပစ္စည်းတွေကို သူ့မှတ်ညဏ်ထဲက ချက်ပြုတ်နည်းအတိုင်း တစ်ခုချင်းတစ်ခုချင်းစီ စာရင်းပြုစုလိုက်တယ်။

ဇန်ဖေချီတို့သုံးယောက်သားကလည်း စာရင်းထဲကအတိုင်း သူတို့လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကို အလျင်အမြန် ရှာဖွေလိုက်ကြပြီးတော့ သူလက်လှမ်းယူလို့မှီတဲ့နေရာမှာ တင်ပေးထားလိုက်ကြတယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now