Chapter(79):ပေါက်ကွဲထွက်မှု နှစ်ခု-2! ပေါက်ကွဲထွက်မှု နှစ်ခု-2!

2.5K 515 3
                                    

Zawgyi


"မင်းပုံဆွဲနေတဲ့အချိန်တုန်းက ဘယ်လိုမျိုး ခံစားရလဲ?" ဆရာခါမွန်က မေးလိုက်တယ်။

"အရမ်းအဆင်ချောတယ်လို့ ခံစားရပါတယ်။" ယွီဂျင်လီက ရိုးရိုးသားသား ပြောလိုက်တယ်။ သူအခြေခံကျကျကို ဘာအတားအဆီးမှ မခံစားရပဲ ချောချောမွေ့မွေ့ ရေးဆွဲနိုင်ခဲ့တာဖြစ်တယ်။

ဆရာခါမွန်က တခြားဘာတစ်ခုမှ မပြောတော့ပဲ ယွီဂျင်လီကို နောက်ထပ် ဗလာစွမ်းအင်ကတ်တစ်ကတ်ကို ပေးလိုက်ပြီးတော့ ပြောလိုက်တယ်။ "ဒီတစ်ကြိမ်မှာ မင်းရဲ့စိတ်စွမ်းအားကို ကတ်အထဲထည့်ပြီး စူးစမ်းကြည့်။"

ဒီစကားလုံးတွေကို ကြားလိုက်ရတော့ ယွီဂျင်လီက နာခံမှုရှိရှိနဲ့ လိုက်နာဆောင်ရွက်လိုက်ပြီးတော့ သူ့ရဲ့စိတ်အာရုံအသိညဏ်ကို အသုံးပြုရင်း ကတ်ကို စူးစမ်းစစ်ဆေးကြည့်လိုက်တယ်။

စိတ်စွမ်းအားစစ်ဆေးမှုတွင် သူ့မှာ စိတ်စွမ်းအားရှိတယ်လို့ ရှာဖွေတွေ့ရှိခဲ့သော်ငြားလည်းပဲ ယွီဂျင်လီကတော့ စိတ်စွမ်းအားက ဘာလဲဆိုတာကို အခုထိ မသိသေးပါဘူး။ အဲ့ဒါကြောင့် အဲ့အစား သူဒါကို သူ့ရဲ့အကျွမ်းတဝင်ရှိလှတဲ့ စိတ်ဝိညဉ်စွမ်းအားနဲ့ အစားထိုးလိုက်တယ်။ ဒါ့အပြင် သူအရင်တုန်းက သူ့ရဲ့စိတ်ဝိညဉ်စွမ်းအားကို အသုံးပြုပြီး သားရဲတစ်ကောင်ကို အောင်အောင်မြင်မြင် ဆင့်ခေါ်နိုင်ခဲ့တာကြောင့် သူ့ရဲ့စိတ်အာရုံအသိညဏ်က ဒီကမ္ဘာပေါ်က စိတ်စွမ်းအားနဲ့ အစားထိုးလို့ရတယ်လို့ ယူဆလို့ရတယ်။

"ကတ်အထဲက စွမ်းအင်ကို ထိတွေ့ဖို့အတွက် မင်းရဲ့စိတ်စွမ်းအားကို ဂရုတစိုက် အသုံးပြုလိုက်။" ဆရာခါမွန်က ယွီဂျင်လီကို စေ့စေ့စပ်စပ် အသေးစိတ် တစ်ဆင့်ပြီးတစ်ဆင့် လမ်းညွှန်ပေးလိုက်တယ်။

ယွီဂျင်လီကို ပထမဆုံးလက်ခံတာက ကျန်းမိသားစုရဲ့မျက်နှာကြောင့်ဆိုရင် အခုကတော့ သူအမှန်တကယ်ကို ဒီကောင်းချီးပေးခံထားရတဲ့ကလေးကို သင်ပေးချင်နေတာ ဖြစ်ပြီးတော့ သူ့ရဲ့ပါရမီကို မဖြုန်းတီးပစ်ချင်လို့ပဲ ဖြစ်တယ်။

ကတ်အတွင်းက နေရာကွက်လပ်လွတ်ထဲမှာ တောက်ပနေတဲ့စွမ်းအင်တွေနဲ့ ပြည့်နှက်နေတယ်။ ယွီဂျင်လီကဒါကို သူ့ရဲ့စိတ်အာရုံအသိညဏ် ပထမဦးဆုံး ဝင်ရောက်ခဲ့တဲ့ အရင်အချိန်တုန်းက မြင်ဖူးခဲ့ပြီးပြီ ဖြစ်သော်လည်း ဒီလိုမျိုး တောက်ပနေတဲ့စွမ်းအင်တွေကို ထိတွေ့မှာကတော့ ဒါက ပထမဦးဆုံးအကြိမ်ဖြစ်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now