Chapter(76):ဆရာ ကျေးဇူးပြုပြီး လက်ဖက်ရည်သုံးဆောင်ပါ။-1

2.6K 622 9
                                    

Zawgyi


"မင်းက မိန်းကလေးရှောင် ထောက်ခံချက်ပေးထားတဲ့ ကလေးလား?" ဆရာခါမွန်က သူ့ရဲ့လက်ဖက်ရည်ခွက်ကို ဖြေးညင်းစွာချလိုက်ပြီး ယွီဂျင်လီကို ကြည့်လိုက်ပြီးတော့ အထက်အောက်စုန်ဆန် ကြည့်လိုက်တယ်။

ဆရာခါမွန်ရဲ့ဆံပင်နဲ့ မုတ်ဆိတ်မွေးတွေက မီးခိုးရောင်ဖြစ်နေပြီ ဆိုသော်ငြားလည်းပဲ သူ့ရဲ့မျက်နှာပေါ်မှာတော့ အရေပြားတွန့်နေတာတွေ သိပ်မရှိသေးပါဘူး။ ပြီးတော့ သူက အသက်ခုနှစ်ဆယ်ကျော် ရှိနေပြီဖြစ်တဲ့ လူအိုယောက်ျားတစ်ယောက်နဲ့လည်း မတူပါဘူး။ သူ့ရဲ့မျက်လုံးတွေက ထူးထူးခြားခြား ထက်မြနေပြီးတော့ သူကလူတွေကို စူးရှဖြတ်တောက်နိုင်တဲ့အကြည့်နဲ့ စိုက်ကြည့်နေတယ်။

"ဟုတ်ပါတယ်။ ဆရာ" ယွီဂျင်လီက ဆရာခါမွန်ရဲ့စိုက်ကြည့်ခြင်းကို ခံနေရတာကြောင့် အနည်းငယ် သက်တောင့်သက်သာမဖြစ်စွာ ပြန်ဖြေလိုက်တယ်။

"ငါကြားထားတာကတော့ မင်းက မင်းရဲ့စိတ်စွမ်းအားကို နှိုးထပြီးကာစပဲ ရှိသေးတာဆို? D အဆင့်ပဲသေးဆို?" ဆရာခါမွန်က မျက်မှောင်အနည်းငယ်ကြုပ်ရင်း ထပ်မေးလိုက်ပြီးတော့ ကြည့်ရတာ အရမ်းစိတ်မကျေမနပ် ဖြစ်နေပုံပေါ်နေတယ်။

သူသင်ကြားပေးခဲ့သမျှ ကျောင်းသားတွေအထဲမှာ D-class စွမ်းအားအဆင့် တစ်ယောက်မှ မရှိခဲ့ဖူးပါဘူး။ အဲ့ဒါက အရမ်းကို အားနည်းလွန်းတယ်။

"ဟုတ်ကဲ့။" ယွီဂျင်လီက နောက်တစ်ကြိမ် ထပ်ခေါင်းညိတ်လိုက်တယ်။

"ဆရာခါမွန် သစ်အယ်သီးလေးက ပထမစစ်တပ်အကယ်ဒမီမှာ ကတ်လက်မှုအတတ်ပညာမေဂျာရပ်ကို လျှောက်ထားချင်နေတာ။ ဆရာကသူ့ကို အကြံညဏ်အချို့ ပေးနိုင်လိမ့်မယ်လို့ ကျွန်မမျှော်လင့်မိပါတယ်။" ရှောင်မုလန်က အပြုံးလေးနဲ့ ပြောလိုက်တယ်။

"ငါသိပြီ။ ကလေးက နေခဲ့။ မင်းကတော့ အရင်ပြန်သွားလို့ရပြီ။" ဆရာခါမွန်က ရှောင်မုလန်ကို သူမထွက်သွားလို့ရပြီဆိုတာကို ဖော်ပြတဲ့အနေနဲ့ စိတ်မရှည်စွာ လက်ဝှေ့ယမ်းပြလိုက်တယ်။

ရှောင်မုလန်ကလည်း ဆရာခါမွန်ရဲ့စရိုက်ကို သိနေတာကြောင့် ဒါတွေကို စိတ်ထဲမထားပါဘူး။ သူမကယွီဂျင်လီကို အတန်းပြီးသွားတဲ့အချိန်ကျရင် သူမသူ့ကို ပြန်လာခေါ်မယ်လို့ သူ့ကိုပြောပြလိုက်ရင်း စကားအနည်းငယ် ပြောလိုက်ပြီးနောက် ဆရာခါမွန်ရဲ့နေအိမ်ထဲကနေ ထွက်ခွာသွားတော့တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now