Chapter(62):သုံးဖက်မြင်ပုံရိပ် မြင်ကွင်းပြဿနာ

4K 855 16
                                    

Zawgyi

ယွီဂျင်လီက သုံးဖက်မြင်ပုံရိပ်မြင်ကွင်းကို ဘယ်လိုပြောင်းရမလဲဆိုတာကို မသိတာဖြစ်မယ်လို့ ကြည့်ရှုသူတွေက ရိုးရိုးရှင်းရှင်းပဲ တွေးလိုက်ကြတယ်။ သုံးဖက်မြင်ပုံရိပ်ကဘာလဲဆိုတာကို မသိတဲ့လူတွေ ကမ္ဘာပေါ်မှာရှိနေအုံးမယ်လို့ သူတို့တွေဘယ်တုန်းကမှ မတွေးမိဖူးဘူး။ အဲ့ဒါကြောင့်သူတို့တွေ စိတ်အားထက်သန်စွာ ယွီဂျင်လီ သုံးဖက်မြင်ပုံရိပ်မြင်ကွင်းကို ဖွင့်နိုင်အောင်လို့ တစ်ဆင့်ပြီးတစ်ဆင့် လမ်းညွှန်ပြသလိုက်ကြတယ်။

ယွီဂျင်လီဘက်ခြမ်းမှာတော့ ဘာတစ်ခုမှမဖြစ်ပွားခဲ့ပါဘူး။ မှတ်ချက်ကဏ္ဍကလည်း အတူတူပဲဖြစ်တယ်။ သူမသိတာတစ်ခုကတော့ ကြည့်ရှုသူတွေရဲ့ကြည့်ရှုမှုပုံစံက အပြင်းအထန်ကို ပြောင်းလဲသွားတာကိုပဲဖြစ်တယ်။

ကြည့်ရှုသူတွေဘက်ခြမ်းမှာဆိုရင် သူတို့တွေကအလယ်မှာ streamer ချက်ပြုတ်နေတဲ့နေရာဖြစ်တဲ့ အစစ်တစ်ခုနီးပါးတူညီတဲ့ အခန်းတစ်ခုထဲကို ဝင်လိုက်ရသလိုမျိုးဖြစ်နေမှာ ဖြစ်တယ်။ သူတို့တွေ ပိုပြီးနီးနီးကပ်ကပ်သွားနိုင်ပြီးတော့ streamer ရဲ့လှုပ်ရှားမှုတိုင်းကိုလည်း စောင့်ကြည့်နိုင်မှာဖြစ်တယ်။ ပြီးတော့ အစားအစာအားလုံးရဲ့ အရသာတွေကိုတောင် မြည်းကြည့်နိုင်မှာဖြစ်တယ်။ အစားအစာတွေရဲ့အရသာတွေက အပြင်ဘက်ကလောက် မကောင်းပေမဲ့လည်း သဘာဝအစားအစာတွေကို မတတ်နိုင်တဲ့ သူတို့လိုမျိုးလူတွေအတွက်ကတော့ ဒါကဧည့်ခံမှုတစ်ခုပဲဖြစ်တယ်။

သုံးဖက်မြင်ပုံရိပ်စတားကွန်ရက်ပေါ်မှာ ရောင်းချတဲ့ သဘာဝအစားအစာတွေလည်းရှိတယ်။ အဲ့ဒါကြောင့် အပြင်ဘက်မှာ သဘာဝအစားအစာတွေကို မဝယ်နိုင်တဲ့ အဲ့ဒီလူတွေက သူတို့တွေကို အွန်လိုင်းပေါ်မှာ မြည်းကြည့်နိုင်ကြတယ်။

သုံးဖက်မြင်ပုံရိပ်စတားကွန်ရက်ပေါ်မှာ စားရတာက ဗိုက်မပြည့်နိုင်ပေမဲ့လည်း အစားကောင်းတွေကိုစားချင်တဲ့ လူတစ်ယောက်ရဲ့လိုအင်ဆန္ဒကိုတော့ စိတ်ကျေနပ်မှုပေးနိုင်တယ်။ ပြီးတော့ စတားကွန်ရက်ပေါ်က သဘာဝအစားအစာတွေရဲ့ဈေးနှုန်းကလည်း တကယ့်အပြင်ဘက်မှာထက် ပိုပြီးဈေးပေါတယ်လေ။ အဲ့ဒါကြောင့် လူအများကြီးက အွန်လိုင်းပေါ်မှာပဲ အတွေ့အကြုံရှာဖြစ်ကြတယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now