Chapter(73):စွမ်းအင်ကတ်ကို အသက်သွင်းခြင်း-2

3K 679 11
                                    

Zawgyi


ယွီဂျင်လီက ကတ်​ပေါ်မှာရေးဆွဲထားတဲ့ အသက်ဝင်လွန်းတဲ့ သားရဲကောင်ပုံကို ငုံ့ကြည့်လိုက်ပြီးတော့ ဒီစွမ်းအင်ကတ်ကို အသုံးပြုလိုက်တဲ့အချိန်ကျရင် အဲ့ဒါက ဘယ်လိုပုံစံမျိုး ဖြစ်သွားသလဲဆိုတာကို သူအရမ်းသိချင်စိတ် ပြင်းပြသွားမိတယ်။

ကျန်းမော့ရှန်းက စမတ်နာရီကို ​နောက်တစ်ကြိမ် ထပ်ဖွင့်လိုက်ပြီးတော့ စွမ်းရည်အသုံးပြုသူတစ်ယောက်က တိုက်ပွဲတစ်ခုထဲတွင် စွမ်းအင်ကတ်ကို အသုံးပြုနေတဲ့ video တစ်ပုဒ်ကို ရှာဖွေလိုက်တယ်။ ယွီဂျင်လီက သာမန်လူသားတစ်ယောက်သာ ဖြစ်နေသော်ငြားလည်း တစ်ဖက်လူက ကတ်လက်မှုအတတ်ပညာအကြောင်းကို အရမ်းသိချင်စိတ်ပြင်းပြနေတာကို မြင်လိုက်ရတဲ့အချိန်မှာ သူသူ့ရဲ့တောင်းဆိုချက်တစ်ခုကိုမှ ငြင်းဆန်လိုစိတ် မရှိတော့ပါဘူး။

Video ရဲ့အစပိုင်းတွင် စွမ်းရည်အသုံးပြုသူက သူ့ရဲ့စွမ်းအင်တွေကို စွမ်းအင်ကတ်ထဲကို ပို့လွှတ်နေပုံပေါ်တယ်။ ရုတ်တရက် စွမ်းအင်ကတ်ရဲ့မျက်နှာပြင်ပေါ်တွင် ရေးဆွဲထားတဲ့ပုံရိပ်နဲ့ လုံးဝတစ်ထပ်တည်းတူညီတဲ့ ကြီးမားတဲ့သားရဲတစ်ကောင်က သေးငယ်တဲ့ စွမ်းအင်ကတ်လေးထဲကနေ ပျံသန်းထွက်ပေါ်လာပြီးတော့ ရန်သူဆီကို တိုက်ခိုက်မှုတွေ စတင်ဆောင်ရွက်တော့တယ်။

လက်စသတ်တော့ စွမ်းအင်ကတ်တွေကို ဒီလိုမျိုး အသုံးပြုရတာပေါ့။ အဲ့ဒါက ဆရာသူ့ကို တစ်ခါတုန်းက သင်ပေးခဲ့ဖူးတဲ့ အတောင်လက်ဖွဲ့တွေနဲ့ အနည်းငယ်တူညီတယ်။ ကံမကောင်းစွာနဲ့ သူက အခြေခံဒြပ်စင်ငါးမျိုးကိုမျှသာ လေ့လာသင်ယူခဲ့ရသေးပြီးတော့ အချိန်ပမာဏကလည်း နည်းနည်းလေးမျှသာ ဖြစ်တယ်။ သူက စိတ်စွမ်းအင်သားရဲတွေနဲ့အပင်တွေကို ဘယ်လိုဆင့်ခေါ်ရမလဲဆိုတာကို အခုထိမသင်ယူရသေးပါဘူး။

ယွီဂျင်လီရဲ့မျက်လုံးတွေက တောက်ပနေပြီးတော့ video ကို ထပ်ခါတစ်လဲလဲ အလွန်အမင်း စိုက်ကြည့်နေမိတယ်။ သူက သိသိသာသာကိုပဲ ကတ်လက်မှုအတတ်ပညာရပ်ကို အရမ်းစိတ်ဝင်စားနေတာဖြစ်တယ်။

ကျန်းမော့ရှန်းတစ်ယောက် အနည်းငယ်စိုးရိမ်မိသွားပြီးတော့ ယွီဂျင်လီအတွက် နည်းနည်းလည်း စိတ်ပူပင်သောကရောက်သွားမိတယ်။ ကတ်လက်မှုအတတ်ပညာက အမှန်တကယ်ကို ပြည်ထောင်စုအတွင်းတွင် အရမ်းရှားပါးပြီးတော့ ကာကွယ်စောင့်ရှောက်ခံ အသက်မွေးဝမ်းကျောင်းပညာရပ် သော့ချက်တစ်ခုဖြစ်ပေမဲ့ လိုအပ်ချက်တွေကတော့ အရမ်းကန့်သတ်ထားတာဖြစ်တယ်။ ပြီးတော့ တစ်ယောက်က ဒီနယ်ပယ်အထဲကိုမဝင်ရောက်ခင်မှာ စိတ်စွမ်းအား အရင်နှိုးထနေရမှာဖြစ်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now