Chapter(68):သူ့အပိုင်-2 သူ့အပိုငျ-2

3.6K 760 18
                                    

Zawgyi

အတိတ်တုန်းကဆိုရင်လည်း ကျန်းမော့ရှန်းရဲ့သတင်းတွေက အချိန်အကြာကြီး တိတ်ဆိတ်ငြိမ်သက်နေတတ်သော်ငြားလည်းပဲ ဖန်အများစုက ပြင်းထန်တဲ့ဝေဒနာတွေကို မခံစားကြရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကအမြဲတမ်း ခပ်လျှိုလျှိုနေတတ်ပြီးတော့ လူတွေအတွက် လက်တွေ့ကျတဲ့ကိစ္စရပ်တွေကို တိတ်တဆိတ်ပြုလုပ်နေတတ်တဲ့ သူတို့ရဲ့အကြိုက်ဆုံးဟီးရိုးတစ်ယောက် ဖြစ်နေတာကြောင့်ဖြစ်တယ်။ စကားနည်းနည်းပြော အလုပ်များများလုပ်ပြီးတော့ သူ့ကိုအသိအမှတ်ပြု ချီးမြှောက်ပေးဖို့ ဘယ်တော့မှမပြောဖူးဘူး။

ဒါပေမဲ့အခုချိန်မှာ အခြေအနေတွေက သိသိသာသာကို ကွဲပြားခြားနားနေပြီဖြစ်တယ်။ ကောလဟာလတွေထွက်ပေါ်လာတာနဲ့ သူတို့တွေကပြင်းပြင်းထန်ထန်ကို ဖြန့်ပစ်လိုက်ကြတယ်။ တကယ်လို့ သူတို့ရဲ့ Prince Charming က အမှန်တကယ် ဒဏ်ရာမရခဲ့ဘူးဆိုရင် စစ်တပ်ကသေချာပေါက်ကို ရှင်းလင်းဖြေရှင်းဖို့အတွက် ထွက်ပေါ်လာမှာဖြစ်တယ်။

တစ်ယောက်မှထွက်လာပြီး မဖြေရှင်းကတည်းက အဲ့ဒါက အတည်ပြုချက်သ​ဘောလိုမျိုး ဖြစ်နေပြီဖြစ်တယ်။ သဘာဝကျကျကိုပဲ ဖန်တွေကဒါကို လက်မခံနိုင်ကြပါဘူး။

ဒါပေမဲ့ ဒီ​နေ့မှာတော့ ဖန်တွေကစိတ်ပျက်အားလျော့ရင်း စောင့်ဆိုင်းနေကြတဲ့အချိန်မှာ စစ်တပ်ကနောက်ဆုံးမှာတော့ လူလုံးထွက်လာပြီး စကားပြောလာခဲ့ပြီးတော့ အဲ့ဒါကလည်း ပြည်သူလူထုအတွက် တုံ့ပြန်ချက်ကောင်းတစ်ခုဖြစ်နေခဲ့တယ်။

ဒါ့အပြင် သတင်းတွေတင်မကပဲနဲ့ ဖန်တွေကအွန်လိုင်းပေါ်မှာ စစ်တပ်ယူနီဖောင်းကိုဝတ်ဆင်ထားတဲ့ ဓာတ်ပုံတစ်ပုံကိုသာမြင်ဖူးတဲ့ သူတို့ရဲ့နတ်ဘုရားကလည်း သတင်းစာရှင်းလင်းပွဲကို တက်ရောက်တယ်ဆိုတာကို ရှာဖွေတွေ့ရှိသွားကြတယ်။

သူတို့အမှန်တကယ်ကို သူတို့ရဲ့နတ်ဘုရားကို မျက်နှာပြင်ပေါ်မှာ မြင်လိုက်ကြရတာကြောင့် သူတို့ဒီထက်ပိုပြီး စိတ်မလှုပ်ရှားနိုင်ကြတော့ဘူး။ သတင်းစာရှင်းလင်းပွဲက နာရီဝက်လောက်သာအချိန်ကြာပြီးတော့ ကျန်းမော့ရှန်းက သတင်းစာရှင်းလင်းပွဲမှာ စကားတစ်ခွန်းကိုသာ ပြောခဲ့သော်ငြားလည်းပဲ အဲ့ဒါက မရေမတွက်နိုင်တဲ့ဖန်တွေကို စိတ်လှုပ်ရှားမှုကြောင့်ငိုယိုမိအောင် ပြုလုပ်နိုင်နေသေးတုန်းပဲဖြစ်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now