Chapter(71):သွေးဆောင် ဖျားယောင်းနိုင်တဲ့ ပစ္စည်းအသစ်တစ်မျိုး-2

3.4K 724 6
                                    

Zawgyi

ကျန်းမော့ရှန်းတစ်ယောက် ဒီအနံ့ကိုရလိုက်တဲ့ အချိန်အခိုက်အတန့်မှာပဲ ဘာတွေဖြစ်နေသလဲဆိုတာကို ချက်ချင်းသိလိုက်တယ်။ သူ့အဖွဲ့ဝင်တွေအားလုံး ဒီလိုပုံစံမျိုးဖြစ်နေကြတာကို မြင်လိုက်ရတော့ သူအမှန်တကယ်ကို ဒေါသထွက်သွားမိတယ်။

အစတုန်းကတော့ ကောင်ငယ်လေးက သူ့အတွက် အစားအစာတွေအားလုံးကို ချက်ပြုတ်ပေးခဲ့တာဖြစ်ပေမဲ့ အခုအချိန်မှာတော့ သူ့ရဲ့အစားအစာတွေက ဒီလူခုနှစ်ယောက်ရဲ့လုယူခြင်းကို ခံလိုက်ရတယ်။ ကောင်ငယ်လေးက သူတို့တွေကို ဒီမှာနေ့လယ်စာစားသွားဖို့အတွက် လူကိုယ်တိုင်ကိုယ်ကျ ဖိတ်ခဲ့တာဖြစ်တယ်။ အဲ့ဒါကြောင့် သူအခုချိန်မှာ သူတို့ရဲ့နေ့လယ်စာတွေကို အဝေးကိုယူဆောင်သွားပြီး သူတို့တွေကို မောင်းထုတ်ပစ်လိုက်ချင်တယ် ဆိုရင်တောင်မှ အဲ့ဒါက အရမ်းနောက်ကျသွားပြီဖြစ်တယ်။

တစ်စုံတစ်ယောက်က ကောင်ငယ်လေးချက်ပြုတ်ထားတဲ့ အရသာရှိတဲ့ဟင်းပွဲတွေကို စားချင်နေတယ်ဆိုတဲ့အတွေးက အထူးသဖြင့် ကောင်ငယ်လေးက အခုလေးတင် ချက်ပြုတ်ပြီးစီးသွားပြီဆိုတာကို သူရှာတွေ့လိုက်ရတဲ့အချိန်မှာ ကျန်းမော့ရှန်းရဲ့နှလုံးသားထဲမှာ အချဉ်ဓာတ်ပူဖောင်းတွေက ရုတ်တရက် ပလုံစီထွက်ပေါ်လာတော့တယ်။

"ဆက်ပြော။" ကျန်းမော့ရှန်းက မည်းမှောင်နေတဲ့မျက်နှာထား၊ အေးစက်စက်အသံနဲ့ ပြောလိုက်တယ်။

ပိုင်ဟူတစ်ယောက် သူ့ရဲ့အာရုံကို သင်းရနံ့ဆီကနေ လမ်းကြောင်းပြောင်းဖို့ ကြိုးစားလိုက်ရင်း ချက်ချင်း မတ်မတ်ထိုင်လိုက်မိတယ်။ ပြီးတော့ စစ်တပ်ရဲ့သတင်းတွေကို သူ့အရှေ့မှာရှိနေတဲ့ဘော့စ်ကို ဆက်လက်တင်ပြဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ဒီသင်းရနံ့က အရမ်းထူးခြားကောင်းမွန်နေလွန်းတယ်။ သူဒီလိုမျိုး ဆွဲဆောင်မှုရှိလွန်းတဲ့အနံ့မျိုး တစ်ခါမှမရခဲ့ဖူးဘူး။

သိသိသာသာကိုပဲ သူတို့တွေအားလုံးက ညှို့ယူဖမ်းစားနိုင်မှုကိုဆန့်ကျင်တဲ့ လေ့ကျင့်ရေးတွေကို ဖြတ်သန်းဖူးပြီးသားဖြစ်တယ်။ အနံ့လေးတစ်ခုကို မဆိုထားနဲ့။ တကယ်လို့ သူတို့ရဲ့အရှေ့မှာ အလွန်လှပပြီး နှစ်လိုဖွယ်ကောင်းတဲ့ အလှလေးတစ်ယောက် ရှိနေမယ်ဆိုရင်တောင်မှ သူတို့တွေအားလုံး ခံစားမှုကင်းမဲ့စွာ နေနိုင်ကြတယ်။ သူတို့တွေက ဒီအနံ့ရဲ့ဖမ်းစားခြင်းကို ခံလိုက်ရတယ်ဆိုတာက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ?

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now