Chapter(82):ဝင်ခွင့်စာမေးပွဲ(I)-2 ဝင်ခွင့်စာမေးပွဲ(I)-2

2.6K 520 10
                                    

Zawgyi



"ေနာက္က်ေနၿပီ။ ကျွန်တော် သစ်အယ်သီးလေးကို ကျောင်းအရင် ပို့ပေးလိုက်မယ်။" ကျန်းမော့ရှန်းက ရှောင်မုလန်နဲ့ ယွီဂျင်လီတို့နှစ်ယောက်သား စကားပြောဆိုနေတာကို အဆက်ဖြတ်လိုက်ပြီးတော့ ကောင်ငယ်လေးရဲ့လက်ကို ဆွဲကိုင်လိုက်ရင်း လမ်းလျှောက် ထွက်သွားလိုက်တော့တယ်။

အခုလေးတင် အစကနေအဆုံးထိတိုင် ကောင်ငယ်လေးက သူ့အမေနဲ့ စကားပြောဆိုနေတဲ့အကြောင်းကိုသာ ဂရုစိုက်နေပြီးတော့ သူ့ကိုတော့ စကားတစ်လုံးတောင်မှ မပြောခဲ့ပါဘူး။ ကျန်းမော့ရှန်းတစ်ယောက် သူနည်းနည်းလေး ချဉ်မိသွားတယ်ဆိုတာကို ဝန်ခံမှာမဟုတ်ပါဘူး။

သိသိသာသာကိုပဲ သူလည်း ကောင်ငယ်လေး ကျောင်းသွားတက်ဖို့အတွက် ပစ္စည်းအမြောက်အမြားကို ပြင်ဆင်ထားခဲ့တာပဲကို။

"တာ့တာ။ အမေနဲ့အဖေ" ယွီဂျင်လီက ရှောင်မုလန်နဲ့ ကျန်းဇန်ထောင်တို့ကို သွားခါနီး နှုတ်ဆက်ဖို့အတွက် လက်ကလေးကို ဝှေ့ယမ်းပြလိုက်တယ်။

"အခု ကျွန်တော်တို့တွေ ကျောင်းကို သွားကြတော့မှာလား?" ယွီဂျင်လီက ကားထဲမှာ ဝင်ထိုင်လိုက်ရင်း စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။

"အွန်း။"

"ပြည်ထောင်စုတစ်ခုလုံးမှာ ပထမစစ်တပ်အကယ်ဒမီက တကယ်ပဲ အကြီးဆုံးကျောင်းလားဟင်?" ယွီဂျင်လီက ရွှင်ပျတက်ကြွစွာ မေးလိုက်တယ်။ အရင်တုန်းကလည်း သူဒီမေးခွန်းတွေကို အကြိမ်ပေါင်းများစွာ မေးခဲ့ဖူးပြီးပြီ ဆိုသော်ငြားလည်းပဲ သူတက်ရတော့မဲ့ ကျောင်းအကြောင်းကို သူကြားသိချင်နေသေးတုန်းပဲ ဖြစ်တယ်။

"ဟုတ်တယ်။ အဲ့ကျောင်းက အရမ်းကြီးတယ်။ ကိုယ်တို့ ရောက်တဲ့အချိန်ကျရင် သစ်အယ်သီးလေး အဲ့ကျောင်းကို မြင်ရလိမ့်မယ်။" ကျန်းမော့ရှန်းက စိတ်ရှည်လက်ရှည် ပြန်ဖြေလိုက်တယ်။

ကျန်းမော့ရှန်းနဲ့ ယွီဂျင်လီတို့တတွေ ပထမစစ်တပ်အကယ်ဒမီဆီကို ရောက်သွားကြတဲ့အချိန်မှာ တက္ကသိုလ်ပရဝုဏ်တစ်ခွင်က အရမ်းတိတ်ဆိတ် ငြိမ်သက်နေတယ်။ စာသင်ချိန်အလယ်မှာမို့လို့ ဖြစ်နိုင်တယ်။ ကျောင်းသားအများစုက သူတို့ရဲ့စာသင်ခန်းအထဲမှာ ရှိနေကြပြီးတော့ အနည်းစုလောက်သာ ပရဝုဏ်ထဲမှာ လမ်းလျှောက်နေကြတယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now