Chapter(70):ငါ့သတို့သားလောင်း-1

3.3K 750 11
                                    

Zawgyi

"အားရှန်း သူတို့တွေက ဘယ်သူတွေလဲ?" အခန်းတံခါးအပြင်ဘက်ကနေ ထွက်ပေါ်လာတဲ့ အားမာန်အပြည့်နဲ့ စိတ်လှုပ်တရှားပြောလိုက်တဲ့အသံကို ကြားလိုက်ရတာကြောင့် ယွီဂျင်လီကမတတ်နိုင်ပဲ သိချင်စိတ်ပြင်းပြစွာ မေးလိုက်မိတယ်။

အံ့ဖွယ်သားရဲကောင်ကြီးအဖွဲ့ရဲ့အဖွဲ့ဝင်တွေက နူးညံ့ပျော့ပျောင်းပြီး ချိုသာတဲ့အသံကို ကြားလိုက်ကြရတယ်။ အထူးသဖြင့် ဘော့စ်ရဲ့အခန်းထဲကနေ ထွက်ပေါ်လာတဲ့အသံကိုပေါ့။ သူတို့တတွေ အရမ်းအံ့အားသင့်သွားကြပြီးတော့ အဲ့ဒါက ဘယ်သူလဲဆိုတာကို သူတို့တွေမြင်ချင်လာမိကြပေမဲ့ ဘော့စ်ကို အရှေ့မှာထားပြီး သူတို့ရဲ့လည်ပင်းတွေကို ဆန့်ထုတ်ပြီးတော့ မကြည့်ရဲကြပါဘူး။

သို့သော်လည်း ဒီထက်ပိုပြီးအံ့အားသင့်စရာတစ်ခုက ဖြစ်ပျက်သွားတယ်။ သူတို့ဘော့စ်ရဲ့ရေခဲတုံးမျက်နှာပေါ်က အေးစက်မှုတွေက ချက်ချင်း အရည်ပျော်ကျသွားပြီးတော့ သူ့နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးရေးရေးလေးတစ်ခုတောင် ပေါ်လာပြီးတော့ နောက်ပြန်လှည့်ပြီး အထဲမှာရှိတဲ့လူကို ပြောလိုက်တယ်။ "ကိုယ်ပျိုးထောင်ထားတဲ့ ကိုယ်ရဲ့အဖွဲ့ဝင်တွေပါ။"

"အဖွဲ့ဝင်တွေ?" ယွီဂျင်လီက သူ့လည်ပင်းကို ဆန့်ထုတ်လိုက်ပြီး သိချင်စိတ်ပြင်းပြစွာ ကြည့်နေရင်း ထပ်ပြောလိုက်တယ်။

ကျန်းမော့ရှန်းက သူတံခါးကိုပိတ်ရပ်ထားရာကနေ ဘေးဘက်ကိုရွှေ့လိုက်ပြီးနောက် အဖွဲ့ဝင်တွေကို အထဲကိုဝင်ဖို့ လက်ဟန်ပြလိုက်တယ်။

ပြင်သစ်ပြတင်းပေါက်ကို ဖြတ်ပြီး တောက်ပလှတဲ့နေရောင်ခြည်က ဖြာကျနေပြီးတော့ ကော်ဇောအပေါ်မှာ တင်ပလ္လင်ခွေထိုင်နေတဲ့ ယောက်ျားငယ်လေးတစ်ယောက်အပေါ်ကို ကျရောက်နေတယ်။ နူးညံ့သိမ်မွေ့တဲ့မျက်နှာငယ်လေးက အလွန်အမင်းကို ချစ်စရာကောင်းနေပြီးတော့ အလင်းရောင်ရဲ့တောက်ပမှုအောက်မှာ နူးညံ့သိမ်မွေ့လျက်ရှိနေတာမို့ လူ​တွေကိုသူ့ဆီကနေ အကြည့်မရွှေ့နိုင်အောင် ပြုလုပ်နေတယ်။

ကျန်းအိမ်တော်ထဲမှာ ယွီဂျင်လီကိုမြင်ဖူးတာက အံ့ဖွယ်သားရဲကောင်ကြီးအဖွဲ့ဝင်တွေအတွက် ပထမဦးဆုံးအကြိမ်ဖြစ်ပြီးတော့ သူတို့ရဲ့ဘော့စ်အခန်းထဲမှာ ဒုတိယလူတစ်ယောက်ရှိနေတာကို မြင်ရတာကလည်း သူတို့တွေအတွက် ပထမဦးဆုံးအကြိမ်ဖြစ်တယ်။ အထူးသဖြင့် တစ်စုံတစ်ယောက်က ဒီလိုမျိုး ပေါ့ပေါ့ပါးပါးကိုယ်နေဟန်ထားနဲ့ ထိုင်နေပြီးတော့ သူတို့ရဲ့ဘော့စ်ဆီကနေ အဆူမခံရတာကိုပေါ့။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now