Chapter(75):စိတ်ခွန်အားကို စစ်ဆေးခြင်း-2

2.8K 620 7
                                    

Zawgyi

နောက်ထပ်ကိစ္စတစ်ခုကတော့ ကျန်းမော့ရှန်းနဲ့ ယွီဂျင်လီတို့ကြားက စေ့စပ်ထားမှုကို လူသိရှင်ကြား မဖော်ထုတ်ရသေးဘူး။ သစ်အယ်သီးလေးက ဘယ်သူဘယ်ဝါလဲဆိုတာကို အပြင်ဘက်ကမ္ဘာက မသိကြသော်ငြားလည်းပဲ လူတွေ စုံစမ်းစစ်ဆေးကြည့်လိုက်ဖို့အတွက် မခဲယဉ်းပါဘူး။ တကယ်လို့ သစ်အယ်သီးလေးက ကျောင်းကို တစ်ယောက်တည်းသွားတက်ရင် သူက မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိနေတဲ့ လူတွေအတွက် ပစ်မှတ်တစ်ခုဖြစ်လာမှာကို ရှောင်မုလန်တစ်ယောက် စိုးရိမ်နေမိတယ်။

ထို့ကြောင့် အများကြီး တွေးတောကြည့်ပြီးတဲ့နောက်မှာ ရှောင်မုလန်တစ်ယောက် ယွီဂျင်လီကို အထွေထွေရွေးကောက်ပွဲပြီးမှ ကျောင်းတက်ခိုင်းလိုက်ရင် ပိုကောင်းမယ်လို့ ခံစားလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းရဲ့အမည်စာရင်း သွင်းရမဲ့ကာလက အစကတည်းကကို ပြီးဆုံးသွားပြီးပြီ ဖြစ်တာကြောင့် နောက်ထပ်လတစ်ဝက်လောက် ထပ်စောင့်နေလိုက်ရတာကလည်း သိပ်အဆိုးကြီးတော့ မဟုတ်လှပါဘူး။

ဒီစကားကို ကြားလိုက်ရတော့ ကျန်းမော့ရှန်းနဲ့ ကျန်းဇန်ထောင်တို့ကလည်း သူမပြောတာက အကျိုးအကြောင်း ဆီလျော်တယ်လို့ ခံစားလိုက်ကြရတယ်။ အဲ့ဒါကြောင့် သူတို့တွေ ယွီဂျင်လီကို ကြည့်လိုက်ပြီးတော့ သူ့ရဲ့ထင်မြင်ချက်ကို မေးမြန်းလိုက်ကြတယ်။

"ကျွန်တော် အမေပြောတာကို နားထောင်ပါမယ်။" ယွီဂျင်လီက အပြုံးလေးနဲ့ ပြောလိုက်တယ်။

ကျောင်းကို သွားတက်နိုင်တယ်ဆိုတာကကို အရမ်းကောင်းမွန်နေနှင့်ပြီ ဖြစ်တယ်။ သူသေချာပေါက်ကို သူ့မိဘတွေကို စိတ်အနှောင့်အယှက်ပေးလို့ မဖြစ်ဘူး။

ရှောင်မုလန်က ယွီဂျင်လီရဲ့ခေါင်းလေးကို ချစ်ခင်စွာ ထိလိုက်ပြီးတော့ အပြုံးလေးတစ်ပွင့်နဲ့ ပြောလိုက်တယ်။ "သစ်အယ်သီးလေးက အသိတတ်ဆုံးပဲ။ ဒီအချိန်အတောအတွင်းမှာ သားကတ်လက်မှုအတတ်ပညာကို ရင်းနှီးအောင် အရင်လုပ်ထားရမယ်။ ဆရာတစ်ယောက်ကို ဒီကိုလာပြီး သားကိုလမ်းညွှန်ပေးဖို့ အမေမေးပေးမယ်။ ဘယ်လိုလဲ? အဆင်ပြေလား?"

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now