Chapter(69):အဲ့ဒါ ကောင်းတာပေါ့!-2

3.4K 760 6
                                    

Zawgyi

သူ့ရဲ့တခြားအဖွဲ့သားတွေကလည်း သေချာပေါက်ကို သူ့လောက်တောင် အခြေအနေကောင်းမနေကြပါဘူး။

"ငါဘော့စ်ဆီ သွားလည်ချင်တယ်။" ဖီးနစ်က ထပ်ပြောပြန်တယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ဖီးနစ်တစ်ယောက် ကျန်းမော့ရှန်းကို တွေ့ချင်နေခဲ့တာဖြစ်တယ်။ အဲ့ဒါကြောင့် အံ့ဖွယ်သားရဲကောင်ကြီးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေကလည်း ကျန်းမိသားစုအိမ်ကို အတူတကွသွားခဲ့ကြတယ်။ သို့သော်လည်း ခါတိုင်းလိုပဲ သူတို့တွေ သူတို့ရဲ့ဘော့စ်ကို လူကိုယ်တိုင်ကိုယ်ကျ မတွေ့နိုင်ခဲ့ကြပါဘူး။ အဲ့ဒါကသူတို့တွေကို ရက်ပေါင်းများစွာကြာအောင် စိတ်ဓာတ်ကျနေစေခဲ့တယ်။

ဘော့စ်ကဒီတစ်ကြိမ်မှာ မျက်နှာပြင်အရှေ့ကို ထွက်ပေါ်လာနိုင်ပြီဆိုကတည်းက သူတို့တွေသူ့ကို တွေ့နိုင်လောက်ပြီပေါ့။ ဟုတ်တယ်မလား?

သေချာပေါက်ကို လူတစ်ယောက်တည်းဆီမှာပဲ အဲ့လိုမျိုးအတွေးတွေ ရှိနေကြတာမဟုတ်ပါဘူး။ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတော့ တစ်ယောက်ချင်းစီရဲ့မျက်လုံးတွေအထဲမှာ သူတို့လိုမျိုးပဲ တူညီတဲ့အတွေးတွေ ရှိနေကြတယ်ဆိုတာကို မြင်လိုက်ကြရတယ်။

အံ့ဖွယ်သားရဲကောင်ကြီးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေကို ကျန်းမော့ရှန်းကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးခဲ့တာဖြစ်ပြီးတော့ သူတို့ရဲ့စွမ်းဆောင်နိုင်ရည်ကလည်း အရမ်းမြင့်မားတယ်။ သူတို့တွေက သဘောတူညီချက်ကတိတစ်ခုကို ပြုလုပ်ပြီးတာနဲ့ချက်ချင်း စတင်ဆောင်ရွက်တတ်ကြသူများဖြစ်တယ်။

အဖွဲ့ဝင်ခုနှစ်ယောက်က ကျန်းမိသားစုအိမ်ကို အရင်မသွားကြဘဲ အဲ့အစား ကျန်းဇန်ထောင်ရဲ့ရုံးခန်းဆီကို သွားလိုက်ကြတယ်။

အံ့ဖွယ်သားရဲကောင်ကြီးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေကို သူ့ရုံးခန်းရဲ့အပြင်ဘက်မှာ မြင်လိုက်ရတဲ့အချိန်မှာ ကျန်းဇန်ထောင်က ဒါကို အချိန်အကြာကြီးကတည်းက မျှော်လင့်ထားပြီးသားဖြစ်နေတာမို့ သူတိုက်ရိုက်ပဲ ပြောလိုက်တယ်။ "မင်းတို့တွေ ခဏနေကျရင် ငါနဲ့လိုက်ခဲ့ကြ။"

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now