Chapter(90):တိုက်ခိုက်ရေး လမ်းညွှန်မှုများ-2

1.5K 222 19
                                    

Zawgyi



Chapter(90):တိုက်ခိုက်ရေး လမ်းညွှန်မှုများ-2



"Oh my god ငါအိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်။ ငါအခုလေးတင် ဗိုလ်ချုပ်ကျန်းကို တွေ့လိုက်ရတယ်။ ပြီးတော့ သူက ငါတို့တိုက်ခိုက်ရေးအတန်းရဲ့ နည်းပြလည်း ဖြစ်နေသေးတယ်။" ကောင်းကျီချီက သူ့သူငယ်ချင်းတွေကို စိတ်လှုပ်တရှား ပြောလိုက်တယ်။

သူ့ကို ကတ်လက်မှုပညာသည်တစ်ယောက် ဖြစ်လာစေချင်တဲ့ သူ့မိသားစုရဲ့ မျှော်လင့်ချက်ကြောင့်သာ မဟုတ်ဘူးဆိုရင် သူသေချာပေါက်ကို စိတ်ပညာအကယ်ဒမီဆီ သွားမှာဖြစ်တယ်။ ပြီးရင် အိုင်ဒေါလိုမျိုး စွမ်းအားကြီးတဲ့ စစ်သည်တော်တစ်ယောက် ဖြစ်လာချင်ခဲ့တာဖြစ်တယ်။

ဒီကမ္ဘာကြီးထဲက လူတိုင်းရဲ့ ပထမဦးစားပေးရွေးချယ်မှုက ကတ်လက်မှုပညာသည်တစ်ယောက် ဖြစ်လာဖို့ဆိုတဲ့အကြောင်းက စိတ်မကောင်းစရာပါပဲ။ သူတို့ရဲ့စိတ်ဝိညဉ်စွမ်းအား မနှိုးထလာနိုင်တဲ့ လူတွေကသာ နောက်ပြန်ဆုတ်ကြပြီးတော့ တခြားအသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို ရွေးချယ်ကြတယ်လေ။

ဒါပေမဲ့ လူတိုင်းက ကတ်လက်မှုပညာသည်တစ်ယောက် ဖြစ်လာချင်ကြတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ယောက်ျားလေးတွေပေါ့။ သူတို့တွေက အကာကွယ်ခံရမှာထက်စာရင် ရန်သူတွေအရှေ့မှာ မားမားမတ်မတ် ရပ်တည်နိုင်ဖို့ကို မျှော်လင့်နေကြတာ ဖြစ်တယ်။

သို့သော်လည်း ပြည်ထောင်စု ကတ်လက်မှုပညာသည်တွေက အရမ်းနည်းနည်းလေးသာ ရှိနေကြတာမို့ ကတ်လက်မှုပညာသည်တစ်ယောက် ဖြစ်လာနိုင်တဲ့ အခွင့်အရေးရှိတဲ့ မည်သူတွေမဆို ဒီအခွင့်အရေးကို သူတို့တွေ လက်လွှတ်ခံကြမှာ မဟုတ်ပါဘူး။ သေချာပေါက်ကို အတန်း F ကတော့ အရမ်းကို အထူးသီးသန့်ဆန်တဲ့ တည်ရှိမှုတစ်ခုလေ။

ကောင်းကျီချီတစ်ယောက် စိတ်လှုပ်တရှား စကားပြောလို့ ပြီးသွားရုံသာ ရှိသေးတယ်။ နောက်တစ်က္ကန့်အကြာမှာပဲ လေသံက ချက်ချင်းပြောင်းလဲသွားပြီး သနားစရာကောင်းလှတဲ့ အော်ဟစ်ငိုယိုသံက ကြောက်လန့်တကြား ထွက်ပေါ်လာခဲ့ပြီးတော့ စိတ်လှုပ်ရှားနေကြတဲ့ ကျောင်းသားတွေကို စိတ်တည်ငြိမ်သွားစေခဲ့တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now