Chapter(91):ခက်ခဲသော လေ့ကျင့်ရေး-1

963 149 15
                                    

Zawgyi

Chapter(91):ခက်ခဲသော လေ့ကျင့်ရေး-1

"မင်းတို့တွေက နောက်ပြန်ဆွဲ ဟန့်တားတတ်ကြတဲ့လူမျိုး ဖြစ်လာချင်ကြလား?" ချင်းလောင်ရဲ့မျက်လုံးတွေက အတန်းဖော် တစ်ယောက်ချင်းစီတိုင်းကို စူးစူးရှရှ စိုက်ကြည့်လိုက်ရင်း ကျယ်လောင်စွာ မေးလိုက်တယ်။

"ကျွန်တော်တို့ မဖြစ်ချင်ပါဘူး!" အတန်း F ရဲ့ ကျောင်းသားတွေက တစ်ညီတစ်ညွှတ်တည်း ကျယ်လောင်စွာ ပြန်ဖြေလိုက်ကြတယ်။

သူတို့တွေက ကျောင်းမှာ တန်ဖိုးမရှိကြသော် ငြားလည်းပဲ သူတို့အားလုံးက မိသားစုကြီးတွေမှ မျိုးရိုးမြင့် သခင်ငယ်လေးတွေ ဖြစ်ကြပါတယ်။ သူတို့တွေက သာမန်လူတွေထက် ပိုသိ၊ ပိုနားလည်ကြပြီးတော့ ပိုမြင်တတ်ကြတယ်။ သူတို့တွေက သာမန်လူတွေထက်လည်း ပိုဂုဏ်ယူတတ်ကြကာ အသက်မွေးဝမ်းကျောင်း ခရီးလမ်းတစ်ခုကို တည်ဆောက်ချင်တတ်ကြတယ်။ မင်းက တခြားလူတွေထက် ပိုဆိုးရွားမနေတဲ့အကြောင်းကို သက်သေပြလိုက်စမ်းပါ!

"မင်းတို့ မဖြစ်ချင်ကြဘူးဆိုတဲ့အတွက် အခုချိန်ကနေ စပြီးတော့ ငါ့အမိန့်ကို နာခံကြ။ တကယ်လို့ မင်းတို့တွေ မလိုက်နာကြဘူးဆိုရင် ဒါမှမဟုတ် လေ့ကျင့်ရေးတာဝန်ကို မပြီးမြောက်ခဲ့ဘူးဆိုရင် အပြစ်ဒဏ်က ဘာလဲဆိုတာကို မင်းတို့တွေ သိချင်ကြလိမ့်မယ်လို့ ငါမထင်ဘူး။" ချင်းလောင်ရဲ့နှုတ်ခမ်းထက်၌ နတ်ဆိုးဆန်ဆန် အပြုံးတစ်ပွင့် တွဲခိုနေလျက်။ အတန်း F ရဲ့ကျောင်းသားတွေကို သူကြည့်လိုက်မိချိန်မှာ သူတို့တတွေရဲ့ နောက်ကျောတွေက ရုတ်တရက် တုန်ရီသွားကြပြီးတော့ မကောင်းတဲ့ ခံစားချက်တစ်မျိုးက သူတို့ရဲ့အနောက်ကနေ အမြဲ ကပ်ပါလာနေသလိုမျိုး ခံစားလိုက်ကြရတယ်။

"ဘာပြဿနာမှ မရှိကြတော့ဘူးဆိုတော့ အဲ့ဒါဆိုရင် လေ့ကျင့်ရေးကွင်းကို အကြိမ်ရေနှစ်ဆယ် ပတ်ပြေးကြတော့။" ချင်းလောင်က ပထမဆုံး အမိန့်တစ်ခုကို ပေးလိုက်တယ်။

သူတို့ရဲ့အိမ်မှာ ကောင်းကောင်းမွန်မွန် နူးနူးညံ့ညံ့ ဆက်ဆံခြင်း ခံထားကြရတဲ့အတန်း F က သခင်ငယ်လေးတွေ သခင်မငယ်လေးတွေအားလုံး ဒီအမိန့်ကို ကြားလိုက်ရတာနဲ့ တစ်ပြိုင်နက် ညည်းတွားမိသွားကြတယ်။

You've reached the end of published parts.

⏰ Last updated: Nov 23, 2023 ⏰

Add this story to your Library to get notified about new parts!

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now