Chapter(66):ကျန်းမိသားစုက လုံခြုံသွားပြီ။-2

3.5K 732 9
                                    

Zawgyi

. . .

ဒီအချိန်တွင် ပထမစစ်တပ်ရဲ့ လေ့ကျင့်ရေးအခန်းထဲမှာ စစ်သားအမြောက်အမြားက တင်းကျပ်လွန်းတဲ့လေ့ကျင့်ခန်းတွေကို နဖူးပေါ်မှာ ချွေးတွေစိုရွှဲလျက် ပြင်းပြင်းထန်ထန်ကို လေ့ကျင့်နေကြတယ်။ ရိုးရိုးရှင်းရှင်းပဲ ချွေးတွေကို သုတ်ပစ်လိုက်ပြီးတဲ့နောက်မှာ သူတို့တွေရဲ့ခန္ဓာကိုယ်က စိတ်ဓာတ်ပြင်းပြနေဆဲ အခြေအနေမှာ တည်မြဲနေလျက် နောက်ထပ်လေ့ကျင့်ရေးတစ်ခုကို ဆက်လုပ်နေကြတယ်။ ပြီးတော့ သူတို့ရဲ့လက်တွေနဲ့နဖူးတွေမှာလည်း အစိမ်းရောင်သွေးပြန်ကြောတွေက ထောင်ထနေကြတယ်။ သူတို့ရဲ့လေ့ကျင့်ရေးက ဘယ်လောက်တောင် ခက်ခဲသလဲဆိုတာနဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မှုက ဘယ်လောက်တောင် ပြင်းထန်သလဲဆိုတာကို တစ်ယောက်က အလွယ်တကူခန့်မှန်းနိုင်တယ်။ လေ့ကျင့်ရေးက သူတို့လုပ်နိုင်တာထက်ကိုတောင် ကျော်လွန်နေပေမဲ့လည်း ထိုးဖောက်ကျော်လွှားနိုင်ဖို့အတွက် သူတို့ကိုယ်သူတို့ ဆက်လက်တွန်းအားပေးနေတုန်းပဲ ဖြစ်တယ်။ သူတို့ခန္ဓာကိုယ်က လုံးဝကို နောက်ထပ် မရွေ့လျားနိုင်တော့တဲ့အချိန်ကျမှ သူတို့လေ့ကျင့်နေတာကို ရပ်နားလိုက်ကြပြီးတော့ အနားယူဖို့အတွက် လေ့ကျင့်ရေးအခန်းရဲ့ကြမ်းပြင်ပေါ်မှာ လှဲချလိုက်ကြတယ်။

"မင်းတို့ပြောကြည့်။ အခုချိန်မှာ ဘော့စ်တစ်ယောက် ဘယ်လိုနေနေမလဲဆိုတာ?" ကြမ်းပြင်ပေါ်မှာလှဲလျောင်းလျက် အသက်ကိုပင့်သက်ရှိုက်နေရင်း ကျားဖြူက မေးလိုက်တယ်။ သူ့မျက်လုံးတွေက အပြစ်ရှိစိတ်တွေနဲ့ ဒေါသတွေနဲ့ ပြည့်နှက်နေတယ်။

တခြားလူတွေက သူ့ရဲ့စကားလုံးကို ကြားလိုက်တဲ့အချိန်မှာ သူတို့ရဲ့စိတ်ခံစားမှုတွေက​အောက်ကိုထိုးကျကုန်ကြတယ်။

တကယ်လို့သူတို့တွေ ဇါ့ခ်ဘုရင်ရဲ့နယ်မြေထဲကို မတော်တဆမဝင်သွားမိဘူးဆိုရင် ဘော့စ်ကလည်း အတိုက်ခိုက်ခံရမှာမဟုတ်သလို သူတို့တွေကို ကယ်ဆယ်ဖို့အတွက် ဇာ့ခ်ဘုရင်ရဲ့အဆိပ်ကို မိသွားမှာလည်းမဟုတ်ဘူး။

အဲ့ဒီအချိန်တုန်းက ဖြစ်ပျက်ခဲ့တဲ့မြင်ကွင်းကို ပြန်စဉ်းစားမိလိုက်တော့ သူတို့ရဲ့မျက်လုံးတွေထဲမှာ အလွန်မုန်းတီးခြင်းတွေ လွှမ်းမိုးသွားကြပြီးတော့ သူတို့တတွေ ဇာ့ခ်ဘုရင်ကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲနိုင်ပါစေလို့ ဆုတောင်းနေမိကြတယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now