Chapter(84):နောက်ဆုံးမှာတော့ ဝင်ခွင့်ရခဲ့ပြီ။-2

2.9K 482 24
                                    

Zawgyi


ပထမစစ်တပ်အကယ်ဒမီရဲ့ ကတ်လက်မှုအတတ်ပညာရပ် ကောလိပ်ထဲမှာဆိုရင် မေဂျာရပ်တစ်ခုတည်းသာ ရှိပြီးတော့ အဲ့ဘာသာရပ်က လက်မှုပညာသည်တစ်ယောက် ဖြစ်လာစေဖို့အတွက် လေ့လာသင်ယူရန်ဖြစ်တယ်။ ကတ်လက်မှုအတတ်ပညာရပ် ကျောင်းသားတွေကို အတန်း A၊ အတန်း B၊ အတန်း C၊ အတန်း Dနဲ့ အတန်း F ဟူ၍ အတန်းငါးမျိုး ခွဲခြားထားတယ်။

ပထမအတန်းလေးမျိုးမှာဆိုရင် ပုံမှန်စာမေးပွဲစစ်ဆေးမှုကို အောင်မြင်သွားကြတဲ့ ကျောင်းသားတွေ တက်ရောက်ရတာ ဖြစ်တယ်။ ဒီကျောင်းသားတွေရဲ့စိတ်စွမ်းအားက ပုံမှန်အားဖြင့်ဆိုရင် A နဲ့ B အဆင့်ကြားမှာ ရှိတာဖြစ်တယ်။

နောက်ဆုံးအတန်းဖြစ်တဲ့ အတန်း F က သူတို့ရဲ့အထူးသီးသန့်အခွင့်အရေးတွေကနေ ရောက်ရှိလာကြတဲ့ အထက်တန်းလွှာမိသားစုတွေရဲ့ ကလေးတွေအတွက် အထူးသီးသန့်ဖြစ်ပြီးတော့ သူတို့ရဲ့စိတ်စွမ်းအားတွေအားလုံးက level C မှာ ဖြစ်ကြတယ်။

အတန်း F က ပုံမှန်အားဖြင့် ရှုလင်းသင်ကြားပေးရတဲ့အတန်း ဖြစ်ပြီးတော့ ယွီဂျင်လီတက်ရောက်ရတော့မဲ့ အခန်းလည်း ဖြစ်တယ်။ တခြားစကားလုံးနဲ့ပြောရမယ်ဆိုရင် လက်မှုအတတ်ပညာရပ် ကောလိပ်တစ်ခုလုံးမှာ အဆိုးဆုံးအတန်း ဖြစ်တယ်။

သူတို့ရဲ့နိမ့်ကျတဲ့စိတ်စွမ်းအားနဲ့ သူတို့တတွေက 'အနောက်တံခါး' ကနေ ဝင်ရောက်လာတယ်ဆိုတဲ့ ဖြစ်ရပ်ကြောင့် အတန်း F က "အမှိုက်အတန်း" လို့ ကျန်တဲ့ကောလိပ်ရဲ့ အခေါ်ခံခြင်းကို အမြဲခံခဲ့ရတာ ဖြစ်တယ်။

ယွီဂျင်လီကတော့ ဒီကိစ္စတွေကို မသိပါဘူး။ သေချာပေါက်ကို တကယ်လို့ သူသိခဲ့မယ်ဆိုရင်တောင်မှ သူဒါတွေကို စိတ်ထဲထည့်ထားမှာ မဟုတ်လောက်ပါဘူး။ အဆုံးမှာတော့ ကျောင်းကို တက်ရောက်နိုင်တာက သူ့အတွက်တော့ အရမ်းကို ပျော်စရာကောင်းတဲ့ကိစ္စတစ်ရပ် ဖြစ်ပြီးနေပြီလေ။

တခြားတစ်ဖက်တွင် ကျန်းမော့ရှန်းကတော့ ဒီအကြောင်းကို သိပါတယ်။ သို့သော်လည်း အတန်း F က ကျောင်းရဲ့နှစ်ရှည်လများ ရှည်ကြာနေပြီဖြစ်တဲ့ အစဉ်အလာရိုးရာတစ်ခု ဖြစ်ပြီးတော့ အထူးသီးသန့်အခွင့်အရေးကို အသုံးပြုလိုက်ရုံမျှနဲ့ ပြောင်းလဲပစ်လိုက်လို့ မရပါဘူး။ သူ့ရဲ့စိတ်စွမ်းအားကြောင့်ပဲဖြစ်ဖြစ် သူ့ရဲ့ဝင်ခွင့်ဖြစ်စဉ်ကြောင့်ပဲဖြစ်ဖြစ် ယွီဂျင်လီက ရိုးရိုးရှင်းရှင်းကိုပဲ အတန်း F ကနေ မလွတ်မြောက်နိုင်ပါဘူး။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now