Chapter(63):စီမံခန့်ခွဲရေးမှူး ပေါ်ထွက်လာခြင်း-1

3.7K 773 4
                                    

Zawgyi

မျက်နှာပြင်က မှတ်ချက်ပေါင်းမြောက်များစွာနဲ့ ဖုံးလွှမ်းသွားခဲ့တယ်။ ကြည့်ရှုသူအမြောက်အမြားက ယွီဂျင်လီရဲ့အာရုံကို ဆွဲဆောင်နိုင်ဖို့အတွက် အထူးစီမံပြုလုပ်ထားတဲ့မှတ်ချက်တွေကို ဝယ်ယူလာကြတယ်။

အဲ့လိုဆိုရင်တောင်မှ မှတ်ချက်အသစ်တွေက မရပ်မနားတက်လာတာမို့ အဟောင်းတွေက လျင်လျင်မြန်မြန် ပျောက်ကွယ်သွားကြတယ်။ အဲ့ဒီကြည့်ရှုသူတွေက ဘယ်လောက်တောင် စိတ်ပါဝင်စားရှိနေသလဲဆိုတာကို ပြသနေတာပဲ။

ကျန်းရှောင်ကျဲကလည်းပဲ ကြည့်ရှုနေတယ်။ အစကတော့ သူ live stream ထဲကို ဝင်လာတာက ယွီဂျင်လီနဲ့သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးဖို့အကြောင်းကို ပြောချင်လို့ပဲဖြစ်တယ်။

သူ့ဘော့စ်ဆီကနေ ဒီလိုမျိုးအရေးကြီးတဲ့တာဝန်တစ်ခုကို သူရလိုက်ပြီးကတည်းက ကျန်းရှောင်ကျဲတစ်ယောက် ယွီဂျင်လီနဲ့ဆက်သွယ်ရဖို့ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပေမဲ့ သူကျရှုံးခဲ့တယ်။

Streamer တစ်ယောက်က မှတ်ပုံတင်ပြီးသွားတဲ့အချိန်ကျရင် သူ့ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်ကို မပေးဖို့ရွေးချယ်နိုင်တယ်။ ဒါပေမဲ့ streamer တစ်ယောက်က ဆုလာဘ်ရှယ်ယာတွေကို လိုချင်တယ်ဆိုရင်တော့ သူက live stream website မှာ စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးဖို့လိုအပ်ပြီးတော့ သူ့ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ပေးဖို့လည်းလိုအပ်တယ်။

ထို့ကြောင့် ပုံမှန်အားဖြင့်ဆိုရင် streamer တစ်ယောက်က အနာဂတ်မှာ ပြဿနာတွေကိုရှောင်ရှားဖို့အတွက် သူ့ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မှတ်ပုံတင်တဲ့အဆင့်မှာတင် ဖြည့်ကြတယ်။

ယွီဂျင်လီမှတ်ပုံတင်တဲ့အချိန်တုန်းက သူသူ့ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖြည့်ခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒါက သူ့ရဲ့အရင်ကမ္ဘာက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ဖြစ်နေတယ်။ သူကအခုချိန်မှာ ကွဲပြားခြားနားတဲ့လူတစ်ယောက် ဖြစ်နေပြီဆိုတာကို သူလုံးဝကို မေ့လျော့သွားခဲ့တာဖြစ်တယ်။

သေချာပေါက်ကိုပဲ ကျန်းရှောင်ကျဲတစ်ယောက် ယွီဂျင်လီကို အဲ့ဒီအချက်အလက်တွေကနေ ရှာမတွေ့နိုင်ခဲ့ပါဘူး။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now