Ep2

878 71 1
                                    

5.12.2015

"ဟေ့ရောင် စာဂျပိုး"

"ဘာလား ကျော်ကြီး"

"မသာကောင် ငါ့ကိုအဲ့လိုမခေါ်နဲ့ကွ မင်းထက်ခန့်ကျော် ငါ့နာမည်က"

"ဘာမှလာမပြောနဲ့ကွာ ကျော်ကြီးပဲ"

"ဒီခွေးသားကတော့"

ဘုကြည့်ကြည့်နေသော ကျော်ကြီးအား "ဘာလည်း" ဆိုသည့်ပုံစံနဲ့မေးဆတ်ပြရင်း ဖက်လက်စ စာအုပ်ကိုပဲ မိုးစက်ဟန်တစ်ယောက်သဲကြီးမဲကြီးပြန်ဖတ်နေလိုက်သည်။

"မင်းတို့နှစ်ယောက်ဆိုတာလည်းကွာ တွေ့တာနဲ့ကိုက်ပြီပဲ မပြောကိုမပြောချင်ဘူး'

"အဲ့ဒါကို ရန်ဖြစ်လိုက်ပြန်ချစ်လိုက်လို့ ခေါ်တယ်ကွ နော် အသဲတုန်းလေး"

မင်းထက်ခန့်ကျော်တစ်ယောက် သူ့ ဘေးနားမှာထိုင်နေသော မိုးစက်ဟန်၏ပုခုံးအားတွန်း၍မေးလိုက်ခြင်းပင်။

"မင်းတော့ အထိုးခံရတော့မယ်"

"အသဲလေးကလည်း ချစ်လို့စတာကို စိတ်ကြီးပဲ"

"မိုးစက် ဟေ့ရောင် "

"အင်း ဘာလည်း"

"မင်းကလည်းကွာ မင်းစာအုပ်ကိုခဏလေးချပြီးငါပြောတာကိုနားထောင်ဦး"

"ပြောလေ အခုလိုပြောလည်း ရနေတာပဲကို"

"မင်း စာအုပ် ခဏချပါဆိုကွာ အရေးကြီးလို့ကွ"

"ဇေယျာဖြိုးတို့ကတော့စားပြီးကွာ ကဲ ပြော ဘာပြောမှာလည်း"

"မင်းလေ King ဝင်ရွေးမှာလား"

"မင်းပြောမယ်ဆိုတဲ့အရေးကြီးလို့ ဆိုတာက ဒီကိစ္စလား"

"အေးလေ"

"သေလိုက်တော့ ဇေယျာဖြိုး ဒါလား မင်းပြောတဲ့အရေးကြီးတဲ့ကိစ္စ ငါ့ဟာငါစာအုပ်ပြန်ဖတ်တာပဲကောင်းတယ်"

"မဖတ်နဲ့....ငဖြိုး ပြောတာဖြေလိုက်"

စားပွဲခုံပေါ်တင်ထားသော စာအုပ်အား မင်းထက်ခန့်ကျော်ကလုယူရင်း ပြောလိုက်ခြင်းပင်

"မရွေးပါဘူးကွာ ပကာသန တွေငါစိတ်မဝင်ဘူး အဲ့လို ပွဲလမ်းသဘင်တွေလည်းငါမကြိုက်ဘူး အဲ့နေ့တောင် ကျောင်းလာချင်မှလာမှာ"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now