Ep 62

233 20 2
                                    

Unicode

"အကို"

ခြံထဲကားဝင်လာတာတွေ့တည်းက ချော မတ်တပ်ရပ်ပြီးသားပင်။အကိုက တွေ့ချင်သည်ဆိုသောကြောင့်အကို့ အိမ်တွင် ချော စောင့်နေခြင်းပါ။ကားပေါ်မှဆင်းလာသည့်အကို့ဘေးနားအားအပြေးသွားလိုက်မိသည်။ထူးထူးဆန်းဆန်းအကို့ဘက်က ဖုန်းစဆက်ကာ ချောအားတွေ့ဖို့စောင့်ခိုင်းသည်တဲ့လေ။

"လင်္ကာချော"

ကားပေါ်မှဆင်းဆင်းချင်း အသံခပ်စိမ်းစိမ်းဖြင့် ချော နာမည်အပြည့်အစုံအားခေါ်လိုက်ခြင်းကြောင့် မျက်လုံးအိမ်အစုံတို့ကလှုပ်ခတ်သွားရသည်။

"အကို...ဘာဖြစ်လို့လည်းဟင်...ချောကိုပြောစရာရှိနေတာလား"

"မင်း မြေ့ ကိုဘာသွားပြောလိုက်တာလည်း"

"မြေ?"

"ကျစ်!...မိုးစက်ဟန်...မိုးစက်ဟန်ကိုမင်းဘာသွားပြောလိုက်တာလည်း"

"အော်...အဲ့ဒီကလေးကအကို့ကိုအကုန်လာပြောပြီးသွားပြီလား...အဲ့ကလေးကအမွှေပဲ...အေးအေးလေး‌လို့ထင်ခဲ့တာ...တစ်ကယ့်ကုတ်ကမြင်းလေးပဲ"

"လင်္ကာချော...မင်းသူ့ကိုဘာမှပြောစရာမလိုဘူး...အခုငါမေးတာသာဖြေ...မင်းသူ့ကိုတစ်ကယ်သွားပြောလိုက်တာလား..ဟင်...မဟုတ်ဘူးမဟုတ်လား...ချော သူ့ကိုသွားမပြောဘူးမဟုတ်လား"

ချောပုခုံးအားလက်နှစ်ဖက်ဖြင့်ကိုင်လာကာ စိုးရိမ်တကြီးမေးလာသောအကိုပင်။လုပ်ရဲရင်ခံရဲရမည်။ချော ဘဝမှာရှောင်တိမ်းနေတာမျိုးမရှိ။

"ချောသွားပြောလိုက်တာ"

"ဘာ!"

"ဟုတ်တယ်...‌အမှန်ပဲ ‌ချောသွားပြောလိုက်တာ"

"ဘာလို့ ဝင်ပါတာလည်း ဟမ်!..ငါ့ကိစ္စကိုဘာလို့ဝင်ပါရတာလည်း မင်းနဲ့မဆိုင်တဲ့ကိစ္စကိုဘာလို့ဝင်ပါရတာလည်း လင်္ကာချော"

"အကို့ကိစ္စကိုချောဝင်ပါခဲ့တာ အခုမှမဟုတ်တာ ဟိုးအရင်ကတည်းကလေ"

"ဒီကိစ္စကငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စလေ"

"အကိုသိလား...အခုကိစ္စသာ ဒေါ်ဒေါ်သိခဲ့ရင် အကိုနဲ့ဒေါ်ဒေါ်တို့ဝေးကွာသွားကြမှာ...အဲ့ဒါတွေကြောင့် ချော ကလူဆိုးမကြီးလိုက်လုပ်နေရတာ"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now