Ep 36

198 20 0
                                    

Unicode

"အကို"

ဧည့်ခန်းထဲတွင်စာထိုင်ဖတ်ရင်း မော့ကြည့်လိုက်လေတော့....

"ချော...ဘယ်လိုလုပ်!"

"ခြံတံခါးဖွင့်ထားလို့ ချော ဝင်လာလိုက်တာပါ"

သင်္ကြန်လည်းပြီးသွားပြီဖြစ်၍ တိမ်ရောင်လင်း အိမ်၌သာနားနေခြင်း။သင်္ကြန်ပြီးသွားသော်လည်း ပိတောက်ပန်းများက ပွင့်လန်းနေတုန်း။ချော ၏ခေါင်းပေါ်မှပိတောက်ပန်းရနံ့များကမွေးပျံ့နေတုန်း။

"နောက်ခါခြံတံခါးကိုသေချာပိတ်ထား...အကိုတစ်ယောက်တည်းနေတာ"

"လာရင်းကိစ္စက..."‌

ယောင်္ကျားလေးတစ်ယောက်တည်းနေသည့်အိမ်ကို မိန်းကလေးတစ်ယောက်တည်းလာသည်က မသင့်တော်တာမို့ လာရင်းကိစ္စကိုသာမေးပြီး အမြန်ပြန်ခိုင်းရန်သာစိတ်လောနေမိတော့သည်။

"ဧည့်သည်ပါလာတယ်...ဘယ်သူလည်းဆိုတာကြည့်ကြည့်လိုက်ပါဦး"

အိမ်တံခါးမကြီးကို ချောကကြည့်လိုက်တော့ မိမိလည်းချောနည်းတူလိုက်ကြည့်မိလိုက်ချိန်တွင်တော့.....

"အမေ...."

အိမ်ထဲဝင်လာသော အမေ...
သူဆီကိုလှမ်းလာသော အမေကြောင့် ခြေထောက်အားနောက်တစ်လှမ်းဆုတ်လိုက်မိသည်။
သူမတွေ့တဲ့ လေးငါးနှစ်အတွင်းမှာအမေကပိန်ကျသွားလိုက်တာဆိုတာ....

"သား....အမေ့သားလေး...ရန်ကုန်ရောက်နေတာတောင် အမေတို့ဆီကိုမလာနိုင်လောက်အောင်စိတ်နာသွားရတာလား...အမေတို့အမှားကို အမေတို့သိပါပြီသားရယ်.. အိမ်ကိုပြန်လာခဲ့ပါ နော်"

အမေက သူ့ပါးပြင်အားတစ်ဖွဖွကိုင်ရင်း မျက်ရည်အဝဲသားနှင့်ဆိုနေလေတော့ တိမ်ရောင်လင်းစိတ်မကောင်းဖြစ်ရပြန်သည်။
သူဘယ်လောက်ပဲစိတ်နာ စိတ်နာ သူ့ကိုဝမ်းနဲ့လွယ်ပြီး မွေးပေးခဲ့တာ ဒီအမေမဟုတ်ပေလား။
သွေးကရေထပ်ပျစ်သည်မို့ အချိန်အကြာကြီးသူဘယ်လိုစိတ်နာနိုင်ပါ့မလည်း။

သူ့ဝါသနာက စာသင်ရခြင်းပင်။သို့ပေမယ့် All Dနှင့်အောင်တဲ့သူ့အတွက်က အိမ်ကသူ့ကို ဆရာဝန်လုပ်စေချင်ခဲ့သည်။သို့ပေမယ့်လည်း သူ၏ဝါသနာဖြစ်သော စာသင်ခြင်းအလုပ်ကိုသာရွေးချယ်ခဲ့ချိန်မှာတော့ အိမ်နှင့်သူက ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်ခဲ့သည်။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now