Ep 18

378 39 0
                                    

Unicode

‌"ကျောင်းကိုသေချာသွားနော် သားလေး လမ်းမမှတ်မိရင် သူငယ်ချင်းတွေနဲ့အတူသွား"

"ဟုတ် မေမေ စိတ်မပူပါနဲ့နော် မြေ့ကိုမြေ့ ဂရုစိုက်ပါ့မယ်"

"ဟုတ်ပြီ ဟုတ်ပြီ ခဏနေရင် သားဖြိုးနဲ့သားမင်းထက်ရောက်လာလိမ့်မယ်"

"ဟုတ် ဟုတ်"

ကိုဖြိုးနှင့်ကိုထက်အား sofa ပေါ်တွင်ထိုင်စောင့်နေရင်း ဖုန်းကိုကလိနေလိုက်သည်။ဒီဘဝရောက်တာ ပျော်လား လို့မေးရင်တော့ ပျော်မည်မထင်ပါ။ရွာက သူ့ဘဝလေးက တစ်ကယ်ကိုအေးချမ်းသည်။ဆရာလေးကိုအလုပ်တွေကူလုပ်ပေးရင်း သူ့ဘဝက တိမ်တွေလိုလွှင့်နေတာ သူဒီကိုရောက်တာ တစ်နှစ်ပြည့်လို့ကျော်တောင်ကျော်တော့မယ်။အရာအားလုံး ပြောင်းလဲသွားသည်က အိမ်ကလူတွေက သူ့ကိုမိုးစက်ဟန် လို့မခေါ်တော့ခြင်းပင်။သူလည်း နေရာတော်တော်များများကို ရောက်ဖူးနေပါပြီ။အခု သူက ဒုတိယနှစ်တတ်ရမှာပင်။ကိုဖြိုးနှင့်ကိုထက်ကလည်းသူ့အပေါ်တစ်ကယ်ကိုကောင်းသည်။သူ့ကျန်းမာရေးကြောင့် တစ်နှစ်အောက်လိုက်ရသည်ကို သူတို့ကလည်း လိုက်အောက်ပေးသည်။အခုတော့သူတို့သုံးယောက်က စရိုက်ချင်လည်းတူ အကြိုက်ချင်လည်းတူနေကြပါပြီ။

"မြေ သွားကြမယ်"

"အေး ငါစောင့်နေတာ ကြာလိုက်တာ"

"အဲ့ဒါ မင်းထက်ကိုပြော သူ့အိမ်သွားခေါ်ဝာာကို ပြင်ဆင်နေတာက မင်းသားတောင်ရှုံးတယ် ရည်းစားကအပြင်သွားမှာမို့ ထိုင်စောင့်ပေးနေရတဲ့အတိုင်းပဲ"

"အေးပါ အေးပါ သွားကြမယ် လာလာ"

"မင်းဘယ်သူ့ကားနဲ့လိုက်မှာလည်း"

"မသိဘူးလေ ခေါ်တဲ့သူကားနောက်လိုက်မယ်"

"ငါပြောသားပဲ ကားမောင်းပြန်သင်ပါဆို"

"ငါကြောက်တယ်ကွ ရွာမှာတော့ ထော်လာဂျီ မောင်းဖူးတယ် မြို့လည်းရောက်ရော Car accidentကြောင့် မမောင်းရဲတော့ဘူး"

"လာပြန်ပြီ ဒီရွာအကြောင်းက တစ်နှစ်တောင်‌ကျော်နေပြီကို ဘာလို့ပြောနေသေးတာလည်း တစ်ကယ်ရှိတာလည်းမဟုတ်ဘဲနဲ့"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now