Ep 25

254 27 0
                                    

Unicode

"ပြောရင်ကောင်းမလား... မပြောရင်ကောင်းမလား...ပြောရင်ကောင်းမလား....မပြောရင်ကောင်မလား...."

ခြံထဲမှ နှင်းဆီပန်းတစ်ပွင့်အားခူးယူရင် ပွင့်ဖတ်တစ်ဖတ်ကို ပြောရင်ကောင်းမလား..ဟုရေပြီး နောက်ထပ်ပွင့်ဖတ်တစ်ဖတ်ကို မပြောရင်ကောင်းမလား...ဟု တစ်ဖတ်ချင်းစီ အစီစဥ်တကျရေနေသည့်သူမှာ ပန်းခြံထဲက စိမ်းလန်းမြေပင်။

"ပြောရင်ကောင်း..."

ဖုန်း‌လာသောအသံကြောင့် ကျန်ရှိနေသော နှင်းဆီပန်းအားအသာချရင်း ဖုန်းကိုင်လိုက်သည်။

"ဟယ်လို"

"ကိုယ်ပါ"

"ဘယ်က ကိုယ်လည်း ခေါင်းမပါဘဲစကားမပြောဘူး"

စိမ်းလန်းမြေ ဆိုသည့်ကောင်လေးက ထိုကဲ့သို့ရန်စွာတတ်သောကောင်လေးပင်။

"ဆရာပါ"

"အာ!!ဆရာလေးလား...ဆရာလေး ကန်တော့‌နော်! ကန်တော့! တစ်ခါမှဖုန်းမပြောဘူးတော့ ဆရာလေးအသံကိုမသိလိုက်တာ ကန်တော့"

"ရပါတယ် ဒီနေ့ကပိတ်ရက်ဆို‌တော့ မနက်ပိုင်းစာမသင်ဘဲနဲ့ မိုးစက်ဟန်ကိုတစ်နေနေရာလိုက်ပို့ပေးချင်လို့"

"ဗျာ! ဘယ်နေရာလည်းဟင်"

"ရွှေတိဂုံဘုရား"

ရွှေတိဂုံဘုရား ဆိုကာမှ စိမ်းလန်းမြေ သတိရလိုက်မိသည်။ ရန်ကုန်တတ်လာရခြင်းရဲ့အဓိကရည်ရွယ်ချက်က ရွှေတိဂုံဘုရားဖူးရဖို့ပင် သို့ပေမယ့် ယနေ့ထိ ဘုရားသို့မသွားရသေး။

"ကိုယ်ပြောတာကြားလား မိုးစက်ဟန် သွားမလားလို့"

"ကြားပါတယ် ဆရာလေး ကျွန်တော် ဆရာလေးအိမ်လာခဲ့လိုက်မယ်"

"နေ...နေ ကိုယ်က မိုးစက်ဟန်ဆီလာခဲ့မယ် လုပ်စရာရှိတာတွေလုပ်ပြီးစောင့်နေ"

"ဟုတ်ကဲ့"

ဖုန်းကျသွားသော်ငြားလည်း စိမ်းလန်းမြေ တစ်ယောက်ထိုဖုန်းအားကြည့်နေမိသည်။

*ဘာတဲ့ သူ့ကိုယ်သူ ကိုယ် တဲ့ ဒီဆရာလေး ဘာဖြစ်နေတာလည်း နေရောကောင်းရဲ့လား ကြက်သီးတွေထလိုက်တာနော်*

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now