Ep19

349 38 0
                                    

Unicode

"မြေ မင်းတစ်မနက်လုံးဘာဖြစ်နေတာလည်း စိတ်နဲ့လူနဲ့လည်းမကပ်ဘူးနော်"

"ဟုတ်တယ်မြေ မင်းထက်ပြောတာမှန်တယ် ငါလည်း မင်းကိုကြည့်နေတာ မင်း တစ်မနက်လုံး စာမလုပ်ဘဲ ဆရာတိမ်‌ရောင်လင်းကိုပဲလိုက်ကြည့်နေတယ်"

"မဟုတ်ပါဘူးကွာ"

"ဆရာ့ကို ကြိုက်နေတာလား ကြိုက်ရင်လည်းပြောနော် ငါကရဲသွေးသစ်ထပ် အဲ့ဆရာနဲ့ပိုသဘောတူတယ်"

"မဟုတ်ပါဘူး ကိုထက်ရာ ငါက အဲ့သဘောနဲ့လိုက်ကြည့်တာမျိုးမဟုတ်ပါဘူး"

"လိုက်ကြည့်တယ်ဆိုတာတော့ ဝန်ခံတယ်မဟုတ်လား ဟား ဟား"

"‌ကိုဖြိုး မစနဲ့ကွာ"

"အေးပါ မစတော့ဘူး ငါ ဆရာတိမ်‌ရောင်လင်းအကြောင်း တစ်စွန်းတစ်စကြားမိတယ်ကွ ဆရာက အရင်ကအဲ့လိုပုံမဟုတ်.."

"ဟုတ်တယ် ဆရာက အရင်ကအဲ့လိုပုံမဟုတ်ဘူး အမြဲတမ်းပျော်ပျော်ပဲနေတတ်တာ ဆရာရယ်လိုက်ရင် အစွယ်လေးနှစ်ချောင်းကထင်းကနဲပေါ်လာတာ လူတွေနဲ့လည်းလိုက်လျောငြီထွေအောင်နေတတ်တယ် အရင်က ဆရာလေးက အခုလိုပုံမဟုတ်ဘူး"

"မြေ ဘာဖြစ်တာလည်း မငိုနဲ့လေ ဆရာတိမ်ရောင်လင်းအကြောင်းပြောတာငိုစရာလိုလို့လား မငိုနဲ့လေ"

ကိုဖြိုးက ပြာပြာသလဲနှင့် မျက်ရည်များကို လာသုတ်ပေးနေတော့သည်။

"မင်း ပြောပြောနေတဲ့ ဆရာလေးက သူလား မြေ"

"ဟုတ်တယ် ကိုထက် သူ"

"ဟမ် ဘယ်က သူလည်း ငါ့ကိုလည်းရှင်းပြကြပါဦး"

"နောက်မှ ငါရှင်းပြမယ် ကိုဖြိုး"

"အေးပါကွာ အခုတော့ မငိုနဲ့တိတ် တိတ်...ဘယ်သွားမလို့လည်း မြေ "

"ငါပြန်လာခဲ့မယ် ဒီမှာပဲစောင့်နေကြနော်"

လုံးတုံး လုံးတုံးနှင့်ကျောင်းရှိရာဆန့်ကျင်ဘက်သို့ဝင်ပြေးသွားသူနောက်သို့လိုက်ရမလားမလိုက်ရမလားမသိသူက ကျန်ခဲ့တဲ့နှစ်ယောက်ပင်။

"ဆရာလေး"

ခေါ်သံက မိမိအနောက်မှဖြစ်သော်လည်း တိမ်ရောင်လင်း လှည့်မကြည့်ဖြစ်ပါ။"ဆရာလေး " "ဆရာလေး" အဲ့နာမည်ကိုသူမကြားချင်ပါ။ကျသွားသော ဘောပင်အား ကောက်လိုက်ရင်း ဘာမှမဖြစ်သလိုပုံနှင့်အနောက်လှည့်ကြည့်လိုက်တော့ တစ်တန်းလုံးမှာ တစ်ယောက်တည်းမတ်တပ်ရပ်နေတဲ့ကောင်လေး။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now