Ep 52

163 19 5
                                    

Unicode

မနက်ကတည်းက အမလင်္ကာချောပြန်သွားသော်လည်း ယခုညနေထိ ဆိုဖာပေါ်မှသစ်မထမိ။ရေလည်းထမသောက်မိသလို၊ထမင်းလည်းထမစားမိ။ဆိုဖာပေါ်တွင်သာငူငူကြီးထိုင်နေမိသည်။အမလင်္ကာချောပြောသွားသည့်စကားများက သစ်နားထဲသို့ သံရည်ပူများအဆမတန်လောင်းချလိုက်သည့်အလား။

ရင်ထဲမှာနာကျင်ရသည်။
အသက်မရှုတော့သလို ခံစားရသည်။
ဘေးနားကဖြတ်တိုက်သွားသောလေပြေများသည်ပင် မိမိရှိသောအရပ်၌တိုက်ခတ်ခြင်းမပြုတော့သလို။

လက်သီးအားတင်းတင်းကြပ်ကြပ်ဆုပ်ထားရင်းသာ အသက်ရှုသံခပ်ပြင်းပြင်းနှင့်အတူ သက်ပြင်းအရှည်ကြီးကိုချမိသည်။သူ့ဘဝကအလင်းရောင်ဆိုတာမမြင်ရတော့။

"အကိုတိမ်ရောင်လင်းက မိုးစက်ဟန်ကိုသိပ်ချစ်တာ...မိုးစက်ဟန်ကလည်း အကို့ကို အရမ်းချစ်တာ...အမထင်တာက သစ်နဲ့လို့ထင်တာ.. sorryနော် သစ်..အဲ့နေ့က အမ အထင်လွဲပြီးပြောမိသွားတယ်"

"လက်ထပ်ဖို့အထိရည်ရွယ်ထားကြတယ်ထင်တယ်...မဟုတ်ရင် ၂နှစ်ဆိုတဲ့ အချိန်ကာလအထိခိုင်မြဲပါ့မလား"

"သစ်နဲ့က လမ်းခွဲလိုက်တာကြာပြီလား...သစ်တို့များနော် တွဲတာလည်းမသိလိုက်ရ လမ်းခွဲတော့လည်းမသိလိုက်ရနဲ့ တစ်ကယ်လျှိုတတ်လာလိုက်တာ"

နားနှစ်ဖက်ကိုသာ ခပ်ကြမ်းကြမ်းပိတ်ရင်း ခေါင်းကိုအတန်တန်ခါနေမိသည်။အမလင်္ကာချောအသံက ဘာလို့ဒီလောက်ထိကျယ်ရတာလည်း။

လက်သန်းကြွယ်တွင်ဝတ်ထားသော တိမ်ပုံ‌သဏ္ဌန်လက်စွပ်ငယ်လေးအား ပြင်မြင်‌လာချိန်တွင်တော့ မျက်လုံးများကနီရဲလာရသည်။

"အကပ်ဘာလို့ ကိုကို့အပေါ်ဒီလိုလုပ်ရက်ရတာလည်း...ကိုကို့ကို စိတ်ဆိုးနေမယ်ဆိုတာသိပေမယ့် ဘာလို့ဒီလောက်ကြီးအထိ...ဟာကွာ!"

တစ်ဖက်ရှိ sofaခုံအားကန်ရင်း ဒေါသတွေကိုဖြေဖျောက်မိသည်။ဘယ်သူပြောလည်း ယောင်္ကျားလေးဆိုတာ စိတ်ဓာတ်မာပါတယ်လို့။ယောက်ျားလေးဆိုတာ မျက်ရည်ကျခွင့်မရှိရပါဘူးလို့ ဘယ်သူကများသတ်မှတ်ထားတာလည်း။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now