Ep 37

184 23 4
                                    

Unicode

ဒီနေ့ကဆရာလေးအိမ်မှာလိုက်နေတဲ့ပထမဆုံးနေ့လေးပင်။မေမေက သိပ်တော့ခွင့်မပြုချင် သို့ပေမယ့်လည်း မြေက အတင်းတွေတောင်းဆိုနေတာမို့လို့ ခွင့်ပြုလိုက်ခြင်း။

"လွတ်လွတ်လပ်လပ်နေနော် စိမ်းလန်းမြေ...အရင်ကလည်းအတူတူနေဖူးတာမို့လို့ သိပ်တော့နေရခက်မနေဘူးမဟုတ်လား"

"ဟုတ်"

ဆရာလေးအား ဟုတ် ဟုသာဖြေလိုက်တော့သည်။တစ်ကယ်တော့သူနေရအရမ်းခက်ပါသည်။အရင်ကအခြေအနေနဲ့အခုအခြေအနေကတူမှမတူတာ။အရင်ကအတူတူနေတယ်ဆိုပေမယ့် အဲ့ဒီအချိန်တွေတုန်းက သူဆရာလေးအပေါ်ဘာစိတ်မှမရှိ သို့ပေမယ့် ယခုတွင်တော့ တစ်မျိုးတစ်ဖုံပြောင်းလဲကုန်ပြီလေ။

"နေရမယ့်အခန်းကိုလိုက်ပြပေးမယ်"

"ဟုတ်"

ဆရာလေးအနောက်မှာနေ၍သာ ခပ်ကုတ်ကုတ်လိုက်သွားလိုက်တော့သည်။

"ဒီအခန်း.. သဘောကျရဲ့လား"

ဆရာလေးပြတဲ့အခန်းငယ်လေးအားကြည့်လိုက်တော့ မိမိရဲ့အရင်ကအခန်းလောက်မကျယ်ပါ။သို့ပေမယ့်လည်း တစ်ယောက်အိပ်ကုတင် စာရေးစားပွဲခုံ ဘီရိုတစ်လုံး စသည်တို့က သူ့နေရာနဲ့သူရှိနေပြီးသပ်သပ်ရပ်ရပ်လေးပါ။

"ဟုတ်...သဘောကျပါတယ်"

"အဝတ်စားတွေကို ဘီရိုထဲထည့်ထားလိုက်...ပြီးရင်အိမ်ရှေ့ခန်းကိုလာခဲ့"

"ဟုတ်"

ထွက်သွားသောဆရာလေး၏ကျောပြင်အားကြည့်ရင်းနှုတ်ခမ်းအားမဲ့လိုက်မိသည်။
အဲ့ဆရာလေးကစကားပြောရင်အမြဲတမ်းအမိန့်အသံနဲ့။

ဆရာလေးပြောတဲ့အတိုင်း အဝတ်စားများအားဘီရိုထဲ သေသေသပ်သပ်သိမ်းဆည်းထားလိုက်ပြီး အိမ်ရှေ့ခန်းကိုထွက်သွားတော့ ကျွန်းခုံမှာထိုင်ရင်း စာဖတ်နေသောဆရာလေးအားတွေ့လိုက်ရသည်။ဖတ်နေသည့်စာအုပ်ကိုမသိမသာလေးကြည့်လိုက်တော့"ဘေဘီလုံမှအချမ်းသာဆုံးလူ"။ဒီလောက်ချမ်းသာနေတာတောင်ဘာတွေများထပ်ချမ်းသာချင်နေတာလည်းမသိဘူး။

"ဆရာလေး ကျွန်တော်ရောက်ပြီ"

သူပြောလိုက်တော့ သူ့အားတစ်ချက်မော့ကြီးစာအုပ်ကိုအရှေ့ကစားပွဲပေါ်သို့တင်လိုက်သောဆရာလေး။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now