Ep38

192 21 7
                                    

Unicode

ဟက်ချို!

"ဆရာလေးကြောင့် အအေးပက်ပြီ..ဟက်ချို!"

"ဟော...ဘယ်လိုလုပ်ကိုယ့်ကြောင့်ဖြစ်ရမှာတုန်း"

"မသိဘူး ဆရာလေးကြောင့်ပဲ"

"ဟုတ်ပါပြီဗျာ ဒီကလူကြောင့်ပါ ဟုတ်ပြီလား"

"ဟွန့်..."

မြေ ကမျက်စောင်းထိုးလာတော့ ဆရာလေးက ကြည့်ရင်းရယ်နေပြန်သည်။

"ဒီကိုလာပါဦး ကိုယ့်အချစ်ရဲ့"

"မလာပါဘူး...မရှက်ဘူးလား"

"ဟော...ကိုယ်ကဘာရှက်ရမှာတုန်း"

"ပေါက်တတ်ကရနာမည်တွေခေါ်နေလို့လေ"

"အော်..အဲ့ဒါလား မြေကအခုဆို ကိုယ့်ကောင်လေးဖြစ်နေပြီလေ အဲ့ဒီတော့ ကိုယ့်အချစ်မဟုတ်လို့ဘယ်သူ့အချစ်ဖြစ်ရမှာတုန်း"

ပြောပြောဆိုဆိုနှင့်ဆရာလေးက သူထိုင်နေသောအိပ်ရာပေါ်သို့လာကာ သူ့အနောက်မှနေ၍ သူ့ဆံပင်တွေကိုသဘတ်ဖြူနှင့်သုတ်ပေးနေသည်။

"မနက်ဖြန်ဆို ဆရာလေးအိမ်ကိုပြန်ရတော့မယ်နော်"

သူပြောလိုက်တော့ သဘတ်သုတ်နေသောလက်တို့က တစ်ခဏမျှရပ်သွားတာကိုသတိထားမိလိုက်ပါသည်။

"ကိုယ့်အချစ်က မပြန်စေချင်ရင် ကိုယ်ကမပြန်ဘူး ကိုယ်မပြန်ဘဲနေရမလား... ဟင်?"

"မလုပ်ပါနဲ့...ကျွန်တော်ကအဲ့သဘောပြောတာမဟုတ်ပါဘူး...ဆရာလေးမိသားစုနဲ့ပျော်နေတာကို ကျွန်တော်ကပိုမြင်ချင်တဲ့သူပါ အဲ့ဒါကြောင့်ဆရာလေးကပြန်ပါနော်...တစ်ခါတစ်လေတော့လည်းလာတွေ့ပေါ့"

"တွေ့မှာပေါ့..ကိုယ့်အချစ်ကို ကိုယ်ကအမြဲလာတွေ့မှာ"

"ပိုပြီ...သမ္မတထပ်တောင်အလုပ်များနေတဲ့သူက ဘာအမြဲလာတွေ့မှာလည်း"

ခေါင်းကိုအနောက်လှည့်ကာပြောလိုက်တော့ နဖူးကိုတောက်လာတဲ့ဆရာလေး။

"ကိုယ့်အချစ်အတွက်ဆိုရင်တော့ အချိန်တွေကပိုပါတယ်နော်"

ဆရာလေးအား "မယုံပါဘူး"ဟူသော အကြည့်နဲ့ကြည့်ပြီး မျက်လုံးလေးများမှိတ်သည်အထိပြုံးလိုက်မိသည်။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now