Ep 41

189 19 2
                                    

Unicode

ဆရာလေးနှင့် မြေ တွဲလာသည်မှာ နှစ်နှစ်ပင်ပြည့် တော့မည်။ထိုနှစ်နှစ်အတွင်း ဘာပြဿနာမှလည်းမရှိခဲ့သလို ဆရာလေးကလည်း မြေ့ အပေါ်အခွင့်အရေးတစ်ကြိမ်တစ်ခါမျှမယူခဲ့။သဝန်တိုပါသည်။မြေ မဟုတ်တဲ့ခန္ဓာကိုယ်အပေါ် စွဲလမ်းသွားမှာကို စိုးရိမ်မိပါသည် ဒါပေမယ့်လည်း ဆရာလေးကတော့ မြေ၏စိတ်ဝိဉာဉ်ကိုသာချစ်ပါသည်ဟု အကြိမ်ကြိမ်ပြောတာကြောင့် စိုးရိမ်စိတ်အနည်းငယ်တော့သက်သာစေပါသည်။

ဒီနေ့က နားရက်လေးဖြစ်သောကြောင့် ဆရာလေးနှင့်တွေ့နေကျဆိုင်လေးမှာစောင့်နေခြင်းပင်။

"ဆရာလေး..."

ဒီတစ်ခါလက်လှမ်းပြရသည့်သူကတော့ မြေ ပင်။

"စောင့်ရတာကြာသွားလား ကိုယ့်အချစ်"

"မကြာပါဘူး ဆရာလေးရဲ့...သံပရာရည်တော့မှာထားပေးတယ် အမောပြေလေးသောက်လိုက်ဦးနော်"

"ဟုတ်ပါပြီဗျ..."

"ဒါနဲ့ ဆရာလေး ပုံစံက အပြင်ကပြန်လာတာမဟုတ်လား"

သံပရာရည်သောက်ရင်း ဆရာလေးက မျက်ခုံးပင့်ပြလိုက်ပြီး ခွက်အားပြန်ချကာ...

"အပြင်ကပြန်လာမှန်းသိသာနေတာလား"

"အင်း..သိသာနေတယ် နားထင်မှာ ချွေးတွေလည်းစို့နေတယ်...ဘယ်ကပြန်လာတာလည်းဟင်"

"ကိုယ့်အချစ်ကို ကိုယ်ပြောဖူးတယ်လေ...ရွာကိုပြန်လိုက်ပို့ပေးပါမယ်လို့"

"အဲ့တာက မြေ ဘွဲ့ရမှလေ"

"အခု ဘွဲ့ရဖို့ကဘယ်လောက်မှမလိုတော့တာ...အဲ့ဒါကြောင့်ပြင်ဆင်နေတာ"

"မြေ လည်းကူမှာပေါ့...အခုတော့ ဆရာလေးပင်ပန်းရပြီ"

"ကိုယ့်အချစ်က ကူစရာမလိုပါဘူးကွာ...ပင်ပန်းစရာရှိရင် ကိုယ်ပဲအပင်ပန်းခံမယ် ကိုယ့်အချစ်ကတော့သက်သောင့်သက်သာနေ"

ဆရာလေး၏စကားကြောင့် ကြည်နူးမှု့တို့ကလိပ်တတ်လာသည်။‌ မြေ့ အပေါ် ဘယ်လောက်ထိမြတ်နိုးကြောင်း စကားလုံးတွေနဲ့တစ်ဖွဖွမပြောလည်း အပြုအမှု့တွေကတစ်ဆင့် မြေ ခံစားမိပါသည်။ဆရာလေးဆိုသည့်လူက အပြောမဟုတ်ဘဲ အလုပ်နဲ့သက်သေပြတတ်သည့်သူမျိုး။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now